Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီမီးရှို့ဖျက်ဆီးမှု​ကြောင့် ပြာကျခဲ့ရသည့် ​ကျေးရွာများနှင့် ရန်ကုန်မြို့ရှိ UGများအား ချစ်သု​ဝေက ကျပ်၁၆၇သိန်း ​လှူဒါန်း

ကရင်နီပြည်နယ်ရှိ စစ်ရှောင်ကလေးငယ်များ ၏ ပညာရေးအတွက် အလှူငွေ ကျပ်၃၅ သိန်း ၊ ပြာကျခဲ့ရသည့် စစ်ကိုင်းဘက်မှ ​ကျေးရွာများအတွက် အလှူငွေ သိန်းကျပ် ၃၀ နှင့် အန္တရာယ်ကြားတွင် လှုပ်ရှားနေရသည့် ရန်ကုန် UG များအတွက် အလှူငွေ ကျပ်၁၀၂ သိန်းလှူဒါန်းခဲ့ကြောင်း လှူဒါန်းသည့် မှတ်တမ်းများနှင့်အတူ တင်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့်ပြာကျခဲ့ရသည့် စစ်ကိုင်းတိုင်းရှိ ​ကျေးရွာများနှင့် အရေးပေါ်လိုအပ်နေသည့် ရန်ကုန်မြို့မှ UG များအတွက် Hope Series 2 ကံစမ်းမဲရောင်းချထားသည့် ‌‌အလှူငွေ ကျပ်၁၆၇ သိန်းကို ​ပေးပို့လှူဒါန်းခဲ့ကြောင်း သရုပ်ဆောင် ချစ်သုဝေက မျှဝေထားသည်။

“ဒီနေ့ထိ ​ရောင်းရ​ငွေထဲမှ စစ်ဘေး၊ မီးဘေးကြောင့် ပြာပုံအတိဖြစ်သွားကြရတဲ့ စစ်ကိုင်းဘက်က ကျေးရွာတွေကို ကူဖို့ရယ်လတ်တလော အရေးပေါ်လိုအပ်နေကြတဲ့ ရန်ကုန် UG အဖွဲ့အစည်းတစ်ချို့ရယ်၊ ကယား (ကရင်နီ) ပြည်နယ် စစ်ဘေးရှောင်များအတွက် ပညာရေး/ကျန်းမာရေးအထောက်အကူပြု အဖွဲ့တွေဆီရယ်ကို ရန်ပုံငွေတွေ အားချင်းစီးဆင်းခဲ့ပါတယ်။” ဟု ချစ်သုဝေက ရေးသားထားသည်။

ကရင်နီပြည်နယ်ရှိ စစ်ရှောင်ကလေးငယ်များ ၏ ပညာရေးအတွက် အလှူငွေ ကျပ်၃၅ သိန်း ၊ ပြာကျခဲ့ရသည့် စစ်ကိုင်းဘက်မှ ​ကျေးရွာများအတွက် အလှူငွေ သိန်းကျပ် ၃၀ နှင့် အန္တရာယ်ကြားတွင် လှုပ်ရှားနေရသည့် ရန်ကုန် UG များအတွက် အလှူငွေ ကျပ်၁၀၂ သိန်းလှူဒါန်းခဲ့ကြောင်း လှူဒါန်းသည့် မှတ်တမ်းများနှင့်အတူ တင်ထားသည်။

“ထပ်မံပြီး လက်မှတ်ရောင်းရရင် ရောင်းရသလောက် မြေပြင်က အဖွဲအစည်းတွေဆီကို တိုက်ရိုက်ပေးပို့နေဦးမယ်​နော်”ဟု ချစ်သုဝေက ထပ်မံရေးသားထားသည်။

Public Service Announcement

Public Service Announcement

Hope Series 2 အတွက် ချစ်သုဝေ ကိုယ်တိုင်ပြုလုပ်ထားသည့် Macrame သုံးအိတ် ကို မဲဖောက်ပေးမည်ဖြစ်ပြီး ဧပြီ ၂၅ ရက်မှ စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

ယင်းကံစမ်းမဲကို ပြည်တွင်းမှအပါအဝင် နိုင်ငံအသီးသီး​ရောက် မြန်မာနိုင်ငံသားများ အားပေးနိုင်ရန် ဆောင်ရွက်ပေးထားပြီး ကံစမ်းမဲပိတ်ရက်နှင့် မဲဖောက်ပေးမည့်ရက်ကို ပြန်လည်ကြေညာပေးမည်ဟု ချစ်သုဝေက ‌အသိပေးထားသည်။

ချစ်သုဝေ‌က ၎င်းကိုယ်တိုင် ပြုလုပ်ထားသည့် Macrameများနှင့် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရရှိရန် ပြီးခဲ့သည့် နှစ်ကုန်မှစတင်၍ လစဉ်ဆောင် ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။