Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီယာဉ်တန်းကို မင်းတပ် CDF ယနေ့ နံနက်ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိနိုင်

မင်းတပ် CDFသည် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့ (ဧပြီ ၃၀ရက်)က မင်းတပ် – မတူပီလမ်း မိုင်တိုင် (၇၁)တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ စစ်ကောင်စီတပ်က ​လေးဦးထက်မနည်းသေဆုံးခဲ့သည်။

မတူပီမြို့မှ ပြန်လာသည့် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ယနေ့မနက်တွင် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် CDFသည် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့ (ဧပြီ ၃၀ရက်)က မင်းတပ် – မတူပီလမ်း မိုင်တိုင် (၇၁)တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ စစ်ကောင်စီတပ်က ​လေးဦးထက်မနည်းသေဆုံးခဲ့သည်။

ယနေ့ မေလ ၁ရက်တွင်လည်း အဆိုပါ စစ်ယာဉ်တန်းကို မိုင်တိုင်အမှတ် (၆၈)နေရာ၌ ဆက်လိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကို ဖုန်းဆက်လာတဲ့ ၈နာရီ ၄၅ကနေ အခုအချိန်ထိ ပစ်ခတ်နေတုန်းပဲ။ ဒီတစ်ခေါက်ကတော့ သူတို့ထင်မှတ်မထားဘူးပေါ့ အရင်တုန်းကဆို မိုင် (၇၀)မှာ တိုက်တယ်ဆိုရင် (၆၅)မိုင် ဒါမှ မဟုတ် (၆၀) လောက်မှ တိုက်တာမျိုးရှိတယ်။ မနေ့က ၇၁မှာ ချထားပြီးတော့ အခု (၆၈)မှာ ဖြစ်တာဆိုတော့ အရမ်းကပ်ကပ်လေးတွေ ကျွန်တော်တို့ တိုက်တဲ့အချိန်မှာ သူတို့လုံး၀မထင်မှတ်ထားတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် သူတို့ အထိအခိုက်များမယ်လို့ ယူဆပါတယ်”ဟု မင်းတပ် CDF ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတူပီမှ ဧပြီ ၂၇ရက်တွင် ထွက်ခွာလာရာ မတူပီ CDFကလည်း ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook