Connect with us

Hi, what are you looking for?

News

မြစ်ခြေမြို့နယ်တွင်စစ်​ကောင်စီတပ် နှစ်​နေရာတွင်တိုက်ခိုက်ခံရ

မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC PDF) အဖွဲ့သည် ပခုက္ကူခရိုင်၊ မြစ်ခြေနယ်တစ်ဝိုက်တွင် အခြေစိုက်ထားပြီး ပခုက္ကူ-မြစ်ခြေ-ကျွန်းချောင်း ဆိပ်ဖြူ လမ်းမကြီးတစ်ဝိုက်၌ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုင်ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC PDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်က မြစ်ခြေ-စဘေ-ဆားကျင်း မြေနီကားလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာ​သော စစ်ကား ၃ စီးနှင့်အတူ မိုင်းများရှာဖွေနေသော စစ်သားများအား ဆားကျင်းရွာအနီးတွင် တပ်ခွဲ ၃ ရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး​နောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုအပြင်နံနက် ၁၀ နာရီခန့်ကလည်း တန့်ကြည့်တောင်ဘုရားကြီးဘက်မှ ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းမကြီးပေါ်သို့ ကူးသန်းသွားလာရသည့် လမ်းပိုင်းတစ်ခုဖြစ်သော မုံတောင်လမ်းပိုင်းပေါ်တွင်စစ်ကားနှစ်စီးအား မုံတောင်အန္တရာယ်ကွေ့၌ တပ်ခွဲ ၁ ရဲဘော်များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC PDF) အဖွဲ့ကပြောသည်။

အဆိုပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား ၁ဝ ဦး နေရာတွင်ပင် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်းလည်း​ဖော်ပြထားသည်။စစ်​ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးအပိုင်းအစထိမှန်ကာ ရဲဘော်တစ်ဦး ညာလက်ဖျံနှင့် ညာဘက်ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်များ တပ်ခွဲအသီးသီးသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC PDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ဖြစ်စဥ်က ၂ နေရာဖြစ်တာပါ။ ဒီမနက်ဖြစ်တာ။”ဟု မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC PDF) တာဝန်ရှိသူက ပြောသည်။

မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC PDF) အဖွဲ့သည် ပခုက္ကူခရိုင်၊ မြစ်ခြေနယ်တစ်ဝိုက်တွင် အခြေစိုက်ထားပြီး ပခုက္ကူ-မြစ်ခြေ-ကျွန်းချောင်း ဆိပ်ဖြူ လမ်းမကြီးတစ်ဝိုက်၌ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook