Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်နှင့် ပျူများက ယနေ့နံနက်တွင် ခင်ဦးမြို့နယ် သရက်ကန်ရွာအား ဝင်ရောက်အကြမ်းဖက်နေ

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

(ခင်ဦးမြို့နယ် ကျေးရွာများရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက်တွေ့ရသည့် မြင်ကွင်းများ)

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက ယနေ့ နံနက်အစောပိုင်းမှစတင်ကာ ခင်ဦးမြို့နယ် သရက်ကန်ကျေးရွာအား ဝင်ရောက်အကြမ်းဖက်နေ၍ ဒေသခံများထွက်ပြေးနေရပြီး အရပ်သားသုံးဦးကိုလည်း တန်ဆာခံအနေဖြင့် ဖမ်းဆီးထားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ်ရဲစခန်းမှ ရဲများနှင့် မဒေါင်းလှကျေးရွာမှ ပျူစောထီး အင်အား ၇၀ခန့်သည် ယနေ့(မေ ၂ရက်)နံနက် ၇နာရီခန့်မှစတင်ကာ သရက်ကန်ကျေးရွာအတွင်း ဝင်ရောက်အကြမ်းဖက်ဖျက်ဆီးနေခြင်း ဖြစ်သည်။

(ခင်ဦးမြို့နယ် ကျေးရွာများရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက်တွေ့ရသည့် မြင်ကွင်းများ)

“မဒေါင်းလှ ပျူအင်အားနှင့် ခင်ဦးရဲစခန်း အင်အား ပေါင်း၇၀ခန့် အကြမ်းဖက်ဝင်ရောက်မွှေနှောက်နေ မှုကြောင့် ဒေသခံရွာသူရွာသားများ မနက်စာတောင် မစားရသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်”ဟု ဒေသတွင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာက ယနေ့နံနက်ထုတ်ပြန်ထားသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၁ရက်) ညကလည်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာသို့ဝင်ရောက်ကာ အမျိုးသားသုံးဦးကို ဓားစာခံအနေဖြင့် ဖမ်းသွားသည်ဟု မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ခင်ဦးမြို့နယ်ကို အင်အားအများအပြားတိုးမြှင့်၍ ထိုးစစ်ဆင်နေပြီး ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေသည်။ စုစုပေါင်း အိမ်ခြေတစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူ တစ်သောင်းကျော်သည် နေရေးစားရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

“လက်နက်အင်အားမမျှလို့ ကျွန်တော်တို့ ထိုးစစ်ဆင်ခံနေရပေမယ့် ရအောင်ပြန်ချမှာ။ အဓိကက ပြည်သူကို ပြည်သူက ပြန်ကူညီပေးကြပါ”ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(ခင်ဦးမြို့နယ် ကျေးရွာများရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက်တွေ့ရသည့် မြင်ကွင်းများ)

” ဒေသတွင်း အခက်အခဲများကို ဒေသတွင်းပြည်သူတွေကပဲ ပူးပေါင်း ဖြေရှင်းနေရပါတယ်။ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် လူသားချင်းစာနာကူညီမှုများ မျှဝေပေးကြဖို့ ထပ်မံမေတ္တာရပ်ခံပါတယ် ခဗျာ” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တိုက်တွန်းထားသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့လိုပါက ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/%E1%80%81%E1%80%84%E1%80%BA%E1%80%A5%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BE%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8-101893375484505/ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။