Connect with us

Hi, what are you looking for?

News

နွေဦးချင်းသူရဲ​ကောင်းတစ်ဦးနဲ့သစ္စာရှင်မ​လေးတို့ရဲ့ မင်္ဂလာပွဲ

မတရားမှုကို ခုခံတော်လှန်ရင်း မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ CDF ရဲဘော်တစ်ဦးကို မေတ္တာမပျက်ဘဲ ပေါင်းသင်းလက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့သစ္စာရှိမှုအ​ပေါ် ပြည်သူများက ချီးကျူး ၊မုဓိတာပွားခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်းလက်နှစ်ဖက်နဲ့ မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရတဲ့ CDF – Zotungမှ ရဲဘော်တစ်ဦးနဲ့ သူ့ရဲ့ချစ်လှစွာသော မိန်းခလေးတို့ရဲ့ မင်္ဂလာပွဲကို ချင်းပြည်နယ်တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။

CDF ဆိုတာ အကြမ်းဖက်စစ်​ကောင်စီကို ချင်း​တောင်​ပေါ်ကရဲရင်လှတဲ့ချင်းတိုင်းရင်းသား​တွေက ​အင်အား​ကောင်းလှပါတယ်ဆိုတဲ့ စစ်တပ်ကိုတူးမီးနဲ့​ စတင်တော်လှန်ပြပြီး စစ်​ကောင်စီတပ်ကို အထိနာ​စေခဲ့တဲ့ တိုင်းရင်းသား​တွေနဲ့ဖွဲ့စည်းထားတာပါ။ အမည်အပြည့်အစုံက ချင်း​ဒေသ ကာကွယ်​ရေးတပ်-CDF လို့​ခေါ်ပါတယ်။

မတရားမှုကို ခုခံတော်လှန်ရင်း မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ CDF ရဲဘော်တစ်ဦးကို မေတ္တာမပျက်ဘဲ ပေါင်းသင်းလက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့သစ္စာရှိမှုအ​ပေါ် ပြည်သူများက ချီးကျူး ၊မုဓိတာပွားခဲ့ကြပါတယ်။

CDF(Zotung) တပ်ဖွဲ့ဝင် ရဲဘော် Zaw Thin ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မိုင်းစမ်းသပ်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်နှစ်ဖက်နဲ့မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။ ရဲဘော် Zaw Thin ရဲ့ ချစ်သူ Ting Mesi က ပစ်ပယ်မသွားဘဲ ယနေ့ (မေ၂ ရက်)မှာ လူကြီးများရှေ့မှောက် ခရစ်ယာန် ထုံးတမ်းအစဉ်အလာအတိုင်း လက်ထက်ပွဲကျင်းပခဲ့ခြင်းဖြစ်တယ်လို့ ဟားခါးပို့စ်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ရှစ်​လေးလုံးလူထုအ​ရေး​တော်ပုံနဲ့ ​နွေဦး​တော်လှန်​ရေးတို့မှ ဦး​ဆောင်ပါဝင်သူ​တွေထဲကတစ်ဦးလည်းဖြစ်၊ စာရေးဆရာ ဦးမင်းကိုနိုင်ကလည်း ချင်းမောင်နှံအတွက် ကဗျာတစ်ပုဒ် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့ပါတယ်

လက်ဖွဲ့
__________

အတုတွေကြား
အစစ်ကထရပ်လိုက်သလိုပေါ့

နွေခေါင်ခေါင် ချင်းတောင်တန်းပေါ်
တောင်ဇလပ်နတ်ပန်းပွင့်ပြတယ်

ဒီလက်တွေက
ဂစ်တာတီးပြလို့ မရတော့ပါဘူး
ဒါပေမယ့်
နှလုံးသားစောင်းကြိုး
တို့ခတ်နိူးလို့ရသေးတယ်

ဒီလက်တွေက
အာရုံခံစားမရတော့ပါဘူး
ဒါပေမယ့်
မေတ္တာသက်ဝင် မြတ်နိုးကြင်နာပေးနိုင်တယ်

ပြီးတော့
ယုံကြည်စွမ်းအင် တိုက်ပွဲဝင်နိုင်ကြဦးမယ်

အသွေးအသား လက်ကိုတွဲမှမဟုတ်ပါဘူး
ဂုဏ်ယူတတ်စွာ မစွန့်ခွါတာကလည်း
လက်တွဲတာပဲလို့ဆိုတဲ့အခါ

ဒါလည်းကဗျာမဟုတ်ပါဘူး
“နွေခေါင်ခေါင် တောင်ဇလပ်ပန်းလို
ပွင့်ပြလိုက်တဲ့အစစ်”

သို့မဟုတ်

“လောကဓံရဲ့ခေါ်သံကိုပြန်ထူးလိုက်တဲ့
အောက်ချင်းမောင်နှံသစ္စာကို
ထိမှန်ခံစား တောင်တန်းများထံမှ
ပို့သလိုက်သောလက်ဖွဲ့ပါ” ။ ။

ချင်းမီဒီယာတစ်ခုဖြစ်တဲ့ Zalen သတင်းဌာနကလည်း သူတို့နှစ်​ယောက်ရဲ့ မင်္ဂလာပွဲ ဓါတ်ပုံ​တွေကို​ဖော်ပြတဲ့အခါ နိုင်ငံတစ်ဝန်းကပြည်သူ​တွေက သတို့သားနဲ့သတို့သမီးတို့ကိုချီးကျူး ၊မုဓိတာပွားကြပါတယ်။

ပြည်သူတစ်ယောက်က “အချစ်၊ သစ္စာ၊တန်ဖိုးထားမှု၊လူ့တန်ဖိုးအားလုံးကို​ဖော်ပြလိုက်တဲ့ မင်္ဂလာ​ ​မောင်နှံ”လို့ မှတ်ချက်ပြု ချီးကျူးပါတယ်။

“ဆုံးရှုံးမှုတွေကြီးမားခဲ့ပေမယ့် အရှုံးထဲကအမြတ်…။ ဒီအခြေအနေမှာ ဘာကိုမှမမှု အချစ်စစ်နဲ့အချစ်ကြီးချစ်တဲ့ချစ်သူလေး ခုတော့ ဇနီးချောလေးကိုပိုင်ဆိုင်ခွင့်ရတာ ရဲဘော် အင်မတန်ကံကောင်းပါတယ်။ရှေ့ဆက်လို့ဘဝခရီးဟာ သာယာလှပပါစေ။တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စေတနာအရင်းခံ ရဲစွမ်းသတ္တိတွေကြောင့် ရောက်ရာအရပ်တိုင်းမှာ ဖေးကူမသူတွေများလို့ ကျန်းမာပျော်ရွှင်ပါစေ။ရဲဘော်တို့ဇနီးမောင်နှံ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ…….ဂုဏ်ယူလေးစားပါတယ်။” လို့ ပြည်သူတစ်ဦးက ဆုတောင်းပေးခဲ့ပါတယ်။

“သတို့သမီးသစ္စာတည်ကြည်လက်ထပ်တဲ့အတွက်ရယ်။ တိုင်းပြည်အတွက်လက်တစုံပေးဆပ်အနစ်နာခံတဲ့သား PDF တို့မင်္ဂလာပွဲအတွက် လေးစားဂုဏ်ယူပါတယ်။ကောင်းသောဆန္ဒမှန်သမျှအမြန်ပြည့်ပါစေသော်။”လို့ နောက်ထပ်ပြည်သူတစ်ဦးကဆုပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကနီနဲ့ ကောလင်းမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့ကို ဒီနေ့ ဇန်နဝါရီ၂၀ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

သတင်း

ဇန်နဝါရီ-၁၄၊၂၀၂၆။ ဟန်နွေ/People’s Spring အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO)က ဇန်နဝါရီ ၁၂ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊...

သတင်း

ကလေးမြို့ဘက်စစ်ကြောင်းထိုးလာသလို တီးတိန်မြို့ကိုလည်း လေကြောင်းက စစ်ကောင်စီ အင်အားဖြည့်

သတင်း

TNLAထိန်းချုပ် နမ္မတူကို စစ်ကောင်စီ ၄ကြိမ် ဆက်တိုက် ဗုံးကြဲ