Connect with us

Hi, what are you looking for?

LuduNwayOo

News

အဂတိပုဒ်မနဲ့စွဲချက်တင်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့လျှောက်ထားချက် ပလပ်ခံရ

ဦးဖြိုးမင်းသိန်း ထံက နေရွှေချောင်းနဲ့ဒေါ်လာတွေ လက်ခံတယ်ဆိုကာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲပြီး နေပြည်တော် အထူးတရားရုံးကလည်း တရားစွဲတဲ့ပုဒ်မနဲ့ပဲ စွဲချက်တင်ခဲ့ပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဒေါ်လာနဲ့ရွှေချောင်းတွေ တံစိုးလက်ဆောင်အဖြစ်ယူတယ်ဆိုကာ အဂတိပုဒ်မ နဲ့စွဲချက်တင်တဲ့အပေါ် ဆုံးဖြတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လျှောက်ထားမှုကို ဒီနေ့မှာ ပလပ်လိုက်တယ်လို့သိရပါတယ်။

ဦးဖြိုးမင်းသိန်း ထံက နေရွှေချောင်းနဲ့ဒေါ်လာတွေ လက်ခံတယ်ဆိုကာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲပြီး နေပြည်တော် အထူးတရားရုံးကလည်း တရားစွဲတဲ့ပုဒ်မနဲ့ပဲ စွဲချက်တင်ခဲ့ပါတယ်။

ဒီလို တရားရုံးရဲ့ စွဲချက်တင်တဲ့အပေါ် စွဲချက်တင်သင့် ၊မတင်သင့် ဆုံးဖြတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လျှောက်ထားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလျှောက်ထားမှု အပေါ် ဆုံးဖြတ်ချက်မထွက်မီမှာ နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ထားတဲ့ အဂတိပုဒ်မနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ထောင်ချပြီးရက်ပိုင်းအကြာမှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လျှောက်ထားချက်ကို ပလပ်လိုက်ပါတော့တယ်။

အကယ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိပုဒ်မနဲ့စွဲချက်မတင်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ ထောင် ၅ နှစ်ချထားတဲ့ အမိန့်ဟာပယ်ပျက်မှာဖြစ်ပါတယ်။

ဒါပေမယ့် လျှောက်ထားချက်ကို အခုလို ပလပ်လိုက်တဲ့အတွက် နေပြည်တော်အထူးတရားရုံးက ချထားတဲ့ အမိန့်ဟာ အတည်ဖြစ်သွားပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။