Connect with us

Hi, what are you looking for?

News

အဂတိပုဒ်မနဲ့စွဲချက်တင်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့လျှောက်ထားချက် ပလပ်ခံရ

ဦးဖြိုးမင်းသိန်း ထံက နေရွှေချောင်းနဲ့ဒေါ်လာတွေ လက်ခံတယ်ဆိုကာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲပြီး နေပြည်တော် အထူးတရားရုံးကလည်း တရားစွဲတဲ့ပုဒ်မနဲ့ပဲ စွဲချက်တင်ခဲ့ပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဒေါ်လာနဲ့ရွှေချောင်းတွေ တံစိုးလက်ဆောင်အဖြစ်ယူတယ်ဆိုကာ အဂတိပုဒ်မ နဲ့စွဲချက်တင်တဲ့အပေါ် ဆုံးဖြတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လျှောက်ထားမှုကို ဒီနေ့မှာ ပလပ်လိုက်တယ်လို့သိရပါတယ်။

ဦးဖြိုးမင်းသိန်း ထံက နေရွှေချောင်းနဲ့ဒေါ်လာတွေ လက်ခံတယ်ဆိုကာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့တရားစွဲပြီး နေပြည်တော် အထူးတရားရုံးကလည်း တရားစွဲတဲ့ပုဒ်မနဲ့ပဲ စွဲချက်တင်ခဲ့ပါတယ်။

ဒီလို တရားရုံးရဲ့ စွဲချက်တင်တဲ့အပေါ် စွဲချက်တင်သင့် ၊မတင်သင့် ဆုံးဖြတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လျှောက်ထားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလျှောက်ထားမှု အပေါ် ဆုံးဖြတ်ချက်မထွက်မီမှာ နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ထားတဲ့ အဂတိပုဒ်မနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ထောင်ချပြီးရက်ပိုင်းအကြာမှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လျှောက်ထားချက်ကို ပလပ်လိုက်ပါတော့တယ်။

အကယ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိပုဒ်မနဲ့စွဲချက်မတင်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ ထောင် ၅ နှစ်ချထားတဲ့ အမိန့်ဟာပယ်ပျက်မှာဖြစ်ပါတယ်။

ဒါပေမယ့် လျှောက်ထားချက်ကို အခုလို ပလပ်လိုက်တဲ့အတွက် နေပြည်တော်အထူးတရားရုံးက ချထားတဲ့ အမိန့်ဟာ အတည်ဖြစ်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။