Connect with us

Hi, what are you looking for?

LuduNwayOo

News

သံ​တောင်မြို့ရဲစခန်းမှ ရဲနှစ်ဦး သုတ်သင်ရှင်းလင်းခံရ

သေဆုံးသူ ရဲနှစ်ဦးအနက်တစ်ဦးမှာ တပ်ကြပ်ဖြစ်ကာ ကျန်တစ်ဦးမှာ တပ်သားဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကရင်ပြည်နယ်၊ သံတောင်မြို့ ရဲစခန်းမှရဲနှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး လက်နက်နှစ်လက်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း PDF Thandaung က ထုတ်ပြန်သည်။

ယနေ့(မေ ၅ ရက်)နံနက် ၈နာရီ၁၆ မိနစ်က သံတောင်မြို့ ရဲစခန်းမှ ဆင်းလာသော ရဲနှစ်ဦးကို ရှင်းလင်းခဲ့ခြင်းဟု အသိပေးသည်။

သေဆုံးသူ ရဲနှစ်ဦးအနက်တစ်ဦးမှာ တပ်ကြပ်ဖြစ်ကာ ကျန်တစ်ဦးမှာ တပ်သားဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အရပ်ဝတ် နဲ့ ရဲခ နှစ်ဦးပါ။သူတို့ကို စိုက်ပျိုးရေးတံတားလမ်းထိပ်မှာ ပစ်သွားတာ”ဟု သံတောင်မြို့ ဒေသခံတစ်ဦးက ပြောသည်။