Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်ရှိ ပရိမ္မရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွာသားသုံးဦးအား သတ်ဖြတ်

အကြမ်းဖက်စစ်တပ်သည် ယနေ့(မေလ၅ရက်)နံနက်ပိုင်းအထိ ပရိမ္မကျေးရွာတွင် တပ်စွဲထားပြီး အပြစ်မဲ့ရွာသား သုံးဦးကို ပစ်သတ်ထားကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ပရိမ္မကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်းဝင်ရောက်ဖျက်ဆီးပြီး ရွာသားသုံးဦးအား ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့(မေလ ၄ ရက်) နံနက်အစောပိုင်းက မြောင်မြို့နယ်အတွင်းသို့ သာလွန်အင်အားဖြင့် စစ်ကြောင်းနှစ်ကြောင်း ထိုးခဲ့သည်။ ပရိမ္မကျေးရွာသို့ နံနက် ၅နာရီခန့်တွင် စီးနင်းဝင်ရောက်ခဲ့ပြီး ရာချီသော ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့(မေလ၅ရက်)နံနက်ပိုင်းအထိ ပရိမ္မကျေးရွာတွင် တပ်စွဲထားပြီး အပြစ်မဲ့ရွာသား သုံးဦးကို ပစ်သတ်ထားကြောင်း ဒေသခံတို့က ပြောသည်။

ထို့အပြင် ပရိမ္မကျေးရွာရှိ ပြည်သူအချို့လည်း ဖမ်းဆီးခံထားရပြီး ကျေးရွာအတွင်းရှိ နေအိမ်များ၊ ဈေးဆိုင်များလည်း ရိုက်ချိုးဖျက်ဆီးခံထားရသည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

အခြားစစ်ကြောင်းတစ်ကြောင်းမှာလည်း မြောင်မြို့နယ်၊ ကင်းကျေးရွာတွင်တပ်စွဲထားပြီး အခြားကျေးရွာများကိုလှည့်လည်နေသည်ဟု ဒေသခံတို့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာ၊ အ.ထ.က ပရိမ္မစာသင်ကျောင်းဝန်းအတွင်းရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ဝါဒဖြန့်ထားသည်။

PDF အချို့ကျဆုံးပြီး လက်နက်များလည်း သိမ်းဆည်းရမိသည်ဟု အကြမ်းဖက်စစ်ကောင်စီက ဝါဒဖြန့်ကာ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး မြောင်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြောင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းဖွင့်ပွဲများအား ဧပြီလနှောင်းပိုင်းတွင် ပြုလုပ်လာခဲ့ကြသည်။ မေလဆန်းတွင် အကြမ်းဖက်စစ်တပ်နှင့် မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့