Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်မြို့နယ်ရှိ ပရိမ္မရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွာသားသုံးဦးအား သတ်ဖြတ်

အကြမ်းဖက်စစ်တပ်သည် ယနေ့(မေလ၅ရက်)နံနက်ပိုင်းအထိ ပရိမ္မကျေးရွာတွင် တပ်စွဲထားပြီး အပြစ်မဲ့ရွာသား သုံးဦးကို ပစ်သတ်ထားကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ပရိမ္မကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်းဝင်ရောက်ဖျက်ဆီးပြီး ရွာသားသုံးဦးအား ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့(မေလ ၄ ရက်) နံနက်အစောပိုင်းက မြောင်မြို့နယ်အတွင်းသို့ သာလွန်အင်အားဖြင့် စစ်ကြောင်းနှစ်ကြောင်း ထိုးခဲ့သည်။ ပရိမ္မကျေးရွာသို့ နံနက် ၅နာရီခန့်တွင် စီးနင်းဝင်ရောက်ခဲ့ပြီး ရာချီသော ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့(မေလ၅ရက်)နံနက်ပိုင်းအထိ ပရိမ္မကျေးရွာတွင် တပ်စွဲထားပြီး အပြစ်မဲ့ရွာသား သုံးဦးကို ပစ်သတ်ထားကြောင်း ဒေသခံတို့က ပြောသည်။

ထို့အပြင် ပရိမ္မကျေးရွာရှိ ပြည်သူအချို့လည်း ဖမ်းဆီးခံထားရပြီး ကျေးရွာအတွင်းရှိ နေအိမ်များ၊ ဈေးဆိုင်များလည်း ရိုက်ချိုးဖျက်ဆီးခံထားရသည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

အခြားစစ်ကြောင်းတစ်ကြောင်းမှာလည်း မြောင်မြို့နယ်၊ ကင်းကျေးရွာတွင်တပ်စွဲထားပြီး အခြားကျေးရွာများကိုလှည့်လည်နေသည်ဟု ဒေသခံတို့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာ၊ အ.ထ.က ပရိမ္မစာသင်ကျောင်းဝန်းအတွင်းရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ဝါဒဖြန့်ထားသည်။

PDF အချို့ကျဆုံးပြီး လက်နက်များလည်း သိမ်းဆည်းရမိသည်ဟု အကြမ်းဖက်စစ်ကောင်စီက ဝါဒဖြန့်ကာ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး မြောင်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြောင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းဖွင့်ပွဲများအား ဧပြီလနှောင်းပိုင်းတွင် ပြုလုပ်လာခဲ့ကြသည်။ မေလဆန်းတွင် အကြမ်းဖက်စစ်တပ်နှင့် မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းဗဟို(၉)ဟုခေါ်ဆိုသည့် အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် လမ်းတွင်​​တွေ့​​သောပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီး၍ ၎င်းတို့ထဲမှ လူငယ်များကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်သူများကိုလည်း နှိပ်စက်ကာ သတ်ဖြတ်ရန် စီစဉ်​နေစဥ် ရက္ခိုင့်တပ်တော်(AA)က ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အချို့က ပြောကြားသည်။ တိုင်းဗဟို(၉)အပါအဝင်...

သတင်း

ကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။