Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာတော်မြို့နယ်တိုက်ပွဲတွင် အမရပူရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံး

“လက်နက်အင်အားမမျှတသဖြင့် ပြန်လည်ဆုတ်ခွာရာတွင် လက်နက်ကြီးထိမှန်သွားကြောင်းသိရပါတယ်ခင်ဗျာ။”ဟု Amarapura Local PDF အဖွဲ့က ပြောသည်။

(မေလ ၂ ရက်က မလဲသာရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ-အရာတော်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း တိုက်ပွဲတွင် အမရပူရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ယမန်နေ့(မေလ ၄ ရက်)မွန်းလွဲပိုင်းက အရာတော်မြို့နယ်ရှိ ကန်အင်း၊ မလဲသာနှင့် ဗဒတ္ထိုင်းကျေးရွာတိုက်ပွဲတွင် ပါဝင်ခဲ့သော Amarapura Local PDF အဖွဲ့မှ ဗိုလ်နေလင်း(ခ) ဗိုလ်ကျွဲကြီးသည် လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

“လက်နက်အင်အားမမျှတသဖြင့် ပြန်လည်ဆုတ်ခွာရာတွင် လက်နက်ကြီးထိမှန်သွားကြောင်းသိရပါတယ်ခင်ဗျာ။”ဟု Amarapura Local PDF အဖွဲ့က ပြောသည်။

အမရပူရမှ အာဏာရှင်ဆန့်ကျင်လိုသော လူငယ်တစ်စုသည် အဖက်ဖက်မှ ဖိနှိပ်ခံနေရပြီးအမရပူရ Local အဖွဲ့အနေဖြင့် မြို့နှင့်အနီးဆုံး နယ်မြေတစ်ခုတွင် တိုက်ပွဲဝင်နေကြောင်း၊ မကြာမီ အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များကို ခုခံတိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအကြမ်းဖက်အဖွဲ့နှင့်ဝေးရာတွင် နေထိုင်ကြရန် Amarapura Local PDF အဖွဲ့က အသိပေးထားသည်။