Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်ရေးမှာ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိရမယ်လို့ KNDO ခေါင်းဆောင်ပြော

တော်လှန်ရေးလုပ်ရင် ညီညွတ်မှု၊ သတ္တိနဲ့ နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းမှုနဲ့ လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်မရှင်းလင်းပါက ရှေ့ဆက်ခရီးသွားလို့ရမှာ မဟုတ်ပဲ ညီညွတ်မှုနဲ့ သတ္တိမရှိခဲ့ရင်လည်း ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။

တော်လှန်ရေးလုပ်ဆောင်ရင် ညီညွတ်မှု၊ သတ္တိနဲ့ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိရမယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်ကို ဘက်ပြောင်းဝင်ရောက်လာတဲ့ ဗိုလ်မှူးစောစလုံးဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မေ ၅ ရက်မှာ KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကြိုဆိုဂုဏ်ပြုပွဲလုပ်ဆောင်တာဖြစ်ပြီး အဲ့ဒီဂုဏ်ပြုပွဲမှာ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောကြားခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးလုပ်ရင် ညီညွတ်မှု၊ သတ္တိနဲ့ နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းမှုနဲ့ လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်မရှင်းလင်းပါက ရှေ့ဆက်ခရီးသွားလို့ရမှာ မဟုတ်ပဲ ညီညွတ်မှုနဲ့ သတ္တိမရှိခဲ့ရင်လည်း ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။

“အခု တော်လှန်ရေးလုပ်တာ သုံးခုလုပ်ရမယ်။ နံပါတ် ၁ အချက် ညီညွတ်မှုရှိရမယ် နံပါတ် ၂ အချက် သတ္တိရှိရမယ်။ နံပါတ် ၃ ကျနော်တို့နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းရမယ်။ နိုင်ငံရေးရည်မှန်းချက်မရှင်းရင် ခရီးသွားလို့မရဘူး။ တော်လှန်ရေးလုပ်တာ သတ္တိရှိရမယ် ညီညွတ်မှုရှိရမယ်။ ညီညွတ်မှုနဲ့ သတ္တိမရှိရင် ဘယ်တော့မှ အောင်မြင်မှမရှိဘူး။ အဲ့ဒါမှတ်ထား။ ကျနော်တို့အောင်မြင်ရမယ်” လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။

Public Service Announcement

Public Service Announcement

KNDO ထံ ကူးပြောင်းဝင်ရောက်လာတဲ့ DKBA ဗိုလ်မှူးစောစလုံးတို့အဖွဲ့ဟာ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး အဲ့ဒီလိုကူးပြောင်းဝင်ရောက်လာပြီးတဲ့နောက် ဗိုလ်မှူးစောစလုံးအဖွဲ့ကို KNDO ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းသွားမယ်လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောကြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။