Connect with us

Hi, what are you looking for?

News

တော်လှန်ရေးမှာ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိရမယ်လို့ KNDO ခေါင်းဆောင်ပြော

တော်လှန်ရေးလုပ်ရင် ညီညွတ်မှု၊ သတ္တိနဲ့ နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းမှုနဲ့ လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်မရှင်းလင်းပါက ရှေ့ဆက်ခရီးသွားလို့ရမှာ မဟုတ်ပဲ ညီညွတ်မှုနဲ့ သတ္တိမရှိခဲ့ရင်လည်း ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။

တော်လှန်ရေးလုပ်ဆောင်ရင် ညီညွတ်မှု၊ သတ္တိနဲ့ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိရမယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်ကို ဘက်ပြောင်းဝင်ရောက်လာတဲ့ ဗိုလ်မှူးစောစလုံးဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မေ ၅ ရက်မှာ KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကြိုဆိုဂုဏ်ပြုပွဲလုပ်ဆောင်တာဖြစ်ပြီး အဲ့ဒီဂုဏ်ပြုပွဲမှာ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောကြားခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးလုပ်ရင် ညီညွတ်မှု၊ သတ္တိနဲ့ နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းမှုနဲ့ လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်မရှင်းလင်းပါက ရှေ့ဆက်ခရီးသွားလို့ရမှာ မဟုတ်ပဲ ညီညွတ်မှုနဲ့ သတ္တိမရှိခဲ့ရင်လည်း ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။

“အခု တော်လှန်ရေးလုပ်တာ သုံးခုလုပ်ရမယ်။ နံပါတ် ၁ အချက် ညီညွတ်မှုရှိရမယ် နံပါတ် ၂ အချက် သတ္တိရှိရမယ်။ နံပါတ် ၃ ကျနော်တို့နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းရမယ်။ နိုင်ငံရေးရည်မှန်းချက်မရှင်းရင် ခရီးသွားလို့မရဘူး။ တော်လှန်ရေးလုပ်တာ သတ္တိရှိရမယ် ညီညွတ်မှုရှိရမယ်။ ညီညွတ်မှုနဲ့ သတ္တိမရှိရင် ဘယ်တော့မှ အောင်မြင်မှမရှိဘူး။ အဲ့ဒါမှတ်ထား။ ကျနော်တို့အောင်မြင်ရမယ်” လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောပါတယ်။

Public Service Announcement

Public Service Announcement

KNDO ထံ ကူးပြောင်းဝင်ရောက်လာတဲ့ DKBA ဗိုလ်မှူးစောစလုံးတို့အဖွဲ့ဟာ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး အဲ့ဒီလိုကူးပြောင်းဝင်ရောက်လာပြီးတဲ့နောက် ဗိုလ်မှူးစောစလုံးအဖွဲ့ကို KNDO ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းသွားမယ်လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောကြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။