Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းပေါ်တွင် ယမန်နေ့ညက စစ်ကောင်စီတပ်ယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ထိခိုက်မှုများရှိ

မြေပြင်အနေထားအရ ပြန်လည်ဆုတ်ခွာခဲ့၍ စစ်ကောင်စီတပ်သား ထိခိုက်‌သေဆုံးမှုအရေအတွက် အတည်မပြုနိုင်‌သေးကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

(အကြမ်းဖက်စစ်တပ် မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည့် မုံရွာ-မန္တလေးလမ်းပေါ်ရှိ ယာဥ်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေလ ၅ရက်‌) ည ၉နာရီမိနစ်၄၀ခန့်က စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုသည် ယာဥ်နှစ်စီးဖြင့် မြင်းမူမြို့နယ်ထီးဆောင်းသို့ ထွက်လာခဲ့သည်။

အဆိုပါကားနှစ်စီးသည် မုံရွာ-မန္တလေးလမ်းပေါ် ကန်ဖျားဇရပ်နဲ့ထီးဆောင်းကြားတွင် မိုင်းမိခဲ့ခြင်းဖြစ်ပြီး ယာဥ်တစ်စီးထိကာ အကြမ်းဖက်စစ်သား အသေအပျောက်များနိုင်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

မြေပြင်အနေထားအရ ပြန်လည်ဆုတ်ခွာခဲ့၍ စစ်ကောင်စီတပ်သား ထိခိုက်‌သေဆုံးမှုအရေအတွက် အတည်မပြုနိုင်‌သေးကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force(MNRF)၊ Pantagram (ငါးထောင့်ကြယ်)၊ Sagaing Special Operation Forces (SSOF) စသည့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ညောင်ပင်ဝန်းကျေးရွာတွင်တပ်စွဲထားပြီး ရွာခံများနှင့် လမ်းသွားလမ်းလာပြည်သူများကိုပါ ဒုက္ခပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။