Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDF မိုင်းများဖြင့် ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်များနိုင်ဟု ပြော

စစ်ကောင်စီတပ်သည် မတူပီ – မင်းတပ်လမ်း မိုင်(၄၀)ရှိ ကျေးရွာမှပြည်သူလူထု နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

CDF မင်းတပ် ရဲ​ဘော်များအား ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်

မတူပီမြို့မှပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့နံနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားသည်။

မေလ ၇ရက် နံနက်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ထွက်ခွာလာချိန်တွင် နံနက် ၃နာရီခွဲမှ မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်သည်ဟု ခန့်မှန်း ဖော်ပြထားသည်။

“မိုင်းက တောက်လျှောက်ကွဲတာ။ ထိခိုက်မှုများနိုင်တယ်။သူတို့ရဲ့ အသံတွေလည်းကြားနေရတယ်။ အဲဒါဆိုတော့ ဖြစ်နိုင်ခြေကတော့ အများအပြား အသေအဆုံးရှိနိုင်တယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

အကြမ်းဖက် စစ်​ကောင်စီတပ်ယာဥ်များ ချင်းပြည်နယ်၌ သွားလာ​နေစဥ်

ယနေ့ ရာသီဥတုအခြေအနေမှာဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း၊ CDF ရဲဘော်များအတက်နိုင်ဆုံး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတူပီ – မင်းတပ်လမ်း မိုင်(၄၀)ရှိ ကျေးရွာမှပြည်သူလူထု နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် မတူပီမှ မင်းတပ်၊ မင်းတပ်မြို့မှ ကျောက်ထု ၊ ကျောက်ထုမှ ပခုက္ကူမြို့သို့ သွားရောက်မည်ဟု သိရ၍ မင်းတပ်ကျော်သွားပါက ယောဒေသကာကွယ်ရေးတပ်(YDF)၊ ပြည်သူ့ကာကွယ် ရေးတပ်(PDF)များအနေဖြင့် စစ်ယာဉ်တန်းကို အသာ တကြည်ဖြတ်သန်းခွင့်မပြုရန် မင်းတပ် CDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

“အားလုံးက အလိုမရှိဘူးဆိုတာပြသဖို့ အတက်နိုင် တိုက်ခိုက်ဖို့တွန်းလှန်ဖို့ ပြောချင်တာပေါ့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook