Connect with us

Hi, what are you looking for?

LuduNwayOo

News

တန့်ဆည်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်နှင့်ဒေသကာကွယ် ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံး

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ် တန့်ဆည်PDF တပ်ရင်း(၆၊ ၇၊ ၈)၊ TPC နှင့် ပကဖ တို့မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် မိနစ်၃၀ခန့် ကြာမြင့်ခဲ့ကြောင်း ကံထူးမပလက်ဖောင်းက အသိပေးထားသည်။

(တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မေလ ၇ ရက်)နံနက် ၈နာရီခန့်က တန့်ဆည်မြို့နယ်တစ်နေရာတွင် အကြမ်းဖက်စစ်တပ်နှင့် တန့်ဆည်PDF၊TPCနှင့် ပကဖတို့ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၂၀ခန့် သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ် တန့်ဆည်PDF တပ်ရင်း(၆၊ ၇၊ ၈)၊ TPC နှင့် ပကဖ တို့မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ချိန် မိနစ်၃၀ခန့် ကြာမြင့်ခဲ့ကြောင်း ကံထူးမပလက်ဖောင်းက အသိပေးထားသည်။

Public Service Announcement

ထိုစစ်ကြောင်းသည် မေလဆန်းအတွင်း တန့်ဆည်မြို့နယ်အတွင်းရှိ ဂရိတ်၊တောဂျင်၊ ကြောင်ဆင်းအိုင်၊ ကံကလေးကုန်း၊ လက်ဆည်၊ အင်တောရိုး၊ ရေရှင်ကုန်းရွာနှင့် ကြက်ဆူကန်ကျေးရွာများကို မီးရှိူ့ဖျက်ဆီးခဲ့ပြီး နေအိမ်၁၀၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အထိနာနေသော အကြမ်းဖက်စစ်တပ်သည် ရေရှင်ကုန်းရွာနှင့် ကြက်ဆူကန်ကျေးရွာကို ထပ်မံမီးရှို့နေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းမှာ ဖောင်းပြင်မြို့အခြေစိုက် ခ.မ.ရ (၃၆၇) တပ်ဖြစ်သ​ည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

(တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

“စကစတပ်များဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ရေရှင်ကုန်းကျေးရွာကတော့ တစ်ရွာလုံးနီးပါးမီးလောင်ကျွမ်းသွားခဲ့ပါတယ်။ နေအိမ် ၁၅ လုံးခန့်သာကျန်တယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

(တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။)

တန့်ဆည်မြို့နယ်အပါအဝင်​ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းအစရှိသည့်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံ တိုက်ခိုက်နေကြသည်။

အကြမ်းဖက်စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ ၁၅ လတာအတွင်း ပြည်သူ​များ၏နေအိမ် ၁၁,၄၁၇လုံးအထိ မီးရှို့ဖျက်ဆီးထားသည်ဟု Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။