Connect with us

Hi, what are you looking for?

News

လေဖိအားနည်းရပ်ဝန်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြားကမ်း​ခြေကို ဖြတ်သန်းနိုင်

ဆိုင်ကလုန်မုန်တိုင်းအရှိန်ကြောင့်မေလ ၈ရက်နေ့မှ ၁၅ရက်နေ့အတွင်း မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် လေတိုက်နှုန်း တစ်နာရီ ၃၅မိုင်မှ ၄၅ မိုင်ခန့် အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်း အမြင့် ၈ ပေမှ ပေ ခန့်အထိရောက်ရှိနိုင်သည်ဟုသတိပေး ထားသည်။

ဂျပန်ဂြိုဟ်တုမှလေဖိအားနည်းရပ်ဝန်းပုံရိပ်ယ​နေ့ရိုက်ကူးထားစဥ်

ကပ္ပလီပင်လယ်ပြင်မှလေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြားကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၌ ဖြစ်ပေါ်နေပြီး ဘင်္ဂလား ပင်လယ်အော်သို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာနက ယနေ့(မေ ၇ရက်)တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

လေဖိအားနည်းရပ်ဝန်းသည် ယနေ့ညပိုင်းတွင် မုန်တိုင်းငယ်ဖြစ်လာနိူင်ကာမေလ၈ရက်တွင်ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဟုလည်း ခန့်မှန်ထားသည်။

ဆိုင်ကလုန်မုန်တိုင်းအရှိန်ကြောင့်မေလ ၈ရက်နေ့မှ ၁၅ရက်နေ့အတွင်း မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် လေတိုက်နှုန်း တစ်နာရီ ၃၅မိုင်မှ ၄၅ မိုင်ခန့် အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်း အမြင့် ၈ ပေမှ ပေ ခန့်အထိရောက်ရှိနိုင်သည်ဟုသတိပေး ထားသည်။

Public Service Announcement

Public Service Announcement

NUG၏​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​ရေးဝန်ကြီးဌာနက မုန်တိုင်းလမ်း​ကြောင်းခန့်မှန်းတွက်ချက်ထားမှု

ယနေ့ တိုင်းတာချက်များအရ မုန်တိုင်းလမ်းကြောင်းသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ဦးတည်နေသော်လည်း နောက်ရက်အနည်းငယ်တွင် ဘဂ်လားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြားကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် နိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်လာသည့် မုန်တိုင်းများနှင့်ပတ်သက်၍ သတိပေး
ချက်များ ထုတ်ပြန်ပေးနေသော အိန္ဒိယနိုင်ငံအခြေစိုက် Regional Specialized Meteorological Center, New Delhi – RSMCကလည်းမေလ ၈ရက် နံနက်တွင် အားကောင်း​​သောမုန်တိုင်းငယ်အဆင့်ဖြစ်လာပြီး ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့အားကောင်းနိုင်ကာမေလ ၁၀ရက်တွင် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေကို ဦးတည်ရွေ့လျားနိုင်သည်ဟုခန့်မှန်းထားသည်။

ယနေ့ညတွင် ဧရာဝတီ၊ပဲခူးနှင့် ရန်ကုန်တိုင်းဒေသအချို့တွင် မိုးအနည်းငယ်ရွာသွန်းနေပြီးတခါတရံလေပြင်းတိုက်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

မုန်တိုင်းသတင်းကို ဆက်လက်ထပ်မံထုတ်ပြန်ပေးသွားမည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ကြီးဌာနကအသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။