Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်ရှိ ​ကျေးရွာသုံးရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ ​ဒေသခံနှစ်ဦးကိုလည်း သတ်ဖြတ်သွား

အကြမ်းဖက်စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက် ပိုင်း ၂၀၂၁ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ ၁၅ လတာအတွင်း ပြည်သူ​များ၏နေအိမ် ၁၁,၄၁၇လုံးအထိ မီးရှို့ဖျက်ဆီးထားသည်ဟု Data For Myanmar က ထုတ်ပြန်ထားသည်။

(ရွာသစ်ကြီး​ကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး​နောက် မြင်ကွင်းများ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ​ဒေသခံပြည်သူနှစ်ဦးကိုလည်းသတ်ဖြတ်သွားပြီး ကျေးရွာသုံးရွာအား မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရကာ ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ်တွင် မေလ ၁ရက်မှ ၄ရက်အထိ အကြမ်း ဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ကာ ကျေးရွာသုံးရွာမှာ နေအိမ်များနှင့်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

(ရွာသစ်ကြီး​ကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး​နောက် မြင်ကွင်းများ)

မြိုင်မြို့နယ်ရှိ ရွာသစ်ကြီးကျေးရွာမှ နေအိမ်စုစုပေါင်း ၇၅လုံး ၊ ကားသုံးစီး ၊ ဆိုင်ကယ်အစီးရေ ၅၀ကျော် ၊ နှမ်းစားကျင်းကျေးရွာမှ နေအိမ်စုစုပေါင်း ခုနစ်လုံး ၊ ဆိုင်ကယ်အစီးရေ ၃၀ကျော်နှင့် လှည်းနှစ်စီး၊ သံဘိုကြီးကျေးရွာမှ နေအိမ်စုစုပေါင်း ၁၀လုံးကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြော သည်။

ထို့အပြင် အကြမ်းဖက်အုပ်စုသည် ရွာသစ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှ ကွန်ပျူတာ ၁၃လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း ​ဒေသခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

(ရွာသစ်ကြီး​ကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး​နောက် မြင်ကွင်းများ)

“ရွာထဲမှာ မီးမလောင်ဘဲကျန်ခဲ့တဲ့ နေအိမ်တွေက ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်။ ငွေနဲ့တန်ဖိုးကြီးပစ္စည်းတွေတော့ စစ်တပ်က ယူသွားတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

အခြားသော အတည်မပြုနိုင်သေးသည့် ပျက်စီးဆုံးရှုံးမှုများလည်း များစွာကျန်ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

(ရွာသစ်ကြီး​ကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး​နောက် မြင်ကွင်းများ)

အကြမ်းဖက်စစ်​ကောင်စီသည် အာဏာသိမ်းပြီး​နောက် ပိုင်း ၂၀၂၁ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ ၁၅ လတာအတွင်း ပြည်သူ​များ၏နေအိမ် ၁၁,၄၁၇လုံးအထိ မီးရှို့ဖျက်ဆီးထားသည်ဟု Data For Myanmar က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း အိမ်ခြေပေါင်း ၇,၅၀၀ကျော် မီးရှို့ဖျက်ဆီးထားပြီး မကွေးတိုင်းက ၂,၁၀၀ကျော်ဖြင့် ဒုတိယအများဆုံး မီးရှို့ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။