Connect with us

Hi, what are you looking for?

News

ရေဖြူမြို့နယ် ကလိန်​အောင်တွင် စစ်​ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ ၄ ဦး​သေ ၊ ၆ ဦးဒဏ်ရာရ

မိုင်းဆွဲတိုက်ခိုက်မူအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မူရှိသော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကံ​ပေါက်-ကလိန်အောင်လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကန်ဘောက် ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က ​မေ ၈ ရက်တွင်သတင်းထုတ်ပြန်သည်။

ကံ​ပေါက်-ကလိန်အောင်လမ်း အမှတ် ၂ တံတားအနီးတွင် ယမန့်နေ့ (မေ ၇ ရက်) မနက် ၈နာရီခန့်က KBDF နှင့် T1 မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မူတွင် စစ်ကောင်စီယာဉ်တန်း များထိခိုက်ပျက်စီးပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား (၄) ဦး သေဆုံး၊ (၆)ဦး ဒဏ်ရာရရှိခဲ့သည်ဟု KBDFက ထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်မူအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မူရှိသော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ဒီနေရာမှ စစ်ကောင်စီတပ်တွေ ခဏခဏ မိုင်းဆွဲခံရတဲ့နေရာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအရှိန်မြင့်လာခြင်းကြောင့် ပြည်သူများစစ်ရေးသတိရှိကြရန်နှင့် စစ်ကောင်စီ ယာဉ်တန်းများနှင့် ဝေးဝေးနေကြရန်လည်းလည်း ဒေသခံကာကွယ်ရေးတပ်များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook