Connect with us

Hi, what are you looking for?

News

မရမ်းကုန်း (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒုတိယအကြိမ်သေနတ်ဖြင့်ပစ်ခတ်ခံရ

ကျိုက်ဝိုင်းဘုရားလမ်းရှိ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(မေ ၁၁)နံနက် ၁၀နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခြင်းဟု ဆိုသည်။

(ဓာတ်ပုံ - ၂၀၂၁ ဇူလိုင်၂၅ရက်က ရုံးအတွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရမှုဖြစ်ပွားပြီး‌နောက် တွေ့ရစဥ်)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသေနတ်ဖြင့်ဝင်ပစ်ခံရ၍ သေဆုံးမှုများရှိကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ကျိုက်ဝိုင်းဘုရားလမ်းရှိ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(မေ ၁၁)နံနက် ၁၀နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခြင်းဟု ဆိုသည်။

“သေနတ်သံချည်းကို ၁၀ချက်ကျော်တယ်။ပွချင်းပြီးသေတဲ့သူ ရာအိမ်မှူး ကြည်ခိုင်ဝင်း။အုပ်ချုပ်ရေးမှူးနေဝင်းလည်း အခုနေ့လယ်သေပြီလို့ သိရတယ်”ဟု မရမ်းကုန်းမြို့ (၃)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုသူ နှစ်ဦးမှာလည်း ကျည်ထိဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၁ ဇူလိုင်၂၅ရက်ကလည်း ရုံးအတွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးဦးမိုးကျော် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။