Connect with us

Hi, what are you looking for?

News

CDM ကျောင်းဆရာကိုမမိလို့ အသက်၄ နှစ်ခွဲအရွယ်သမီးဖြစ်သူနဲ့မိသားစုဝင်၈ ဦးကိုစစ်ကောင်စီဖမ်းဆီး

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ရန်ကုန်မှာ ကလေးမိခင်အမျိုးသမီးကိုဖမ်းဆီးပြီးနောက် အသက် ၄ နှစ်အရွယ် ကလေး ကိုမူကြိုကျောင်းမှာစစ်ကောင်စီကသွားရောက်ခေါ်ဆောင်ဖမ်းဆီးခဲ့တာဖြစ်ခဲ့ပါတယ်။

People's Spring
People's Spring

ကျောက်ဆည်ပညာရေးသပိတ်ကို ဦးဆောင်ပါဝင်ခဲ့တဲ့ CDM ကျောင်းဆရာကို ရှာမတွေ့တာကြောင့် ၄ နှစ်ခွဲအရွယ်သမီးဖြစ်သူအပါအဝင် မိသားစုဝင် ၉ ဦးကိုစစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

CDM ကျောင်းဆရာ ရဲ့ ၄နှစ်ခွဲအရွယ်သမီးဖြစ်သူမရှကီ ကို မေလ ၄ ရက်က ဖမ်းဆီးသွားတာပါ။

ကလေးငယ်ကိုမဖမ်းခင် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းနဲ့မေလဆန်းပိုင်းမှာ ကျောင်းဆရာရဲ့ဇနီး ၊ မိဘ ၂ ပါး ၊အကို ၂ ဦး ၊ ညီမ ၊ ယောက်က္ခမ နဲ့ခယ်မ တို့လည်း အသီးသီး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကသတင်းထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ရန်ကုန်မှာ ကလေးမိခင်အမျိုးသမီးကိုဖမ်းဆီးပြီးနောက် အသက် ၄ နှစ်အရွယ် ကလေး ကိုမူကြိုကျောင်းမှာစစ်ကောင်စီကသွားရောက်ခေါ်ဆောင်ဖမ်းဆီးခဲ့တာဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကလေးငယ်တွေကိုဖမ်းဆီးခေါ်ဆောင် တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ သတင်းအမှောင်ချထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook