Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ကျောင်းဆရာကိုမမိလို့ အသက်၄ နှစ်ခွဲအရွယ်သမီးဖြစ်သူနဲ့မိသားစုဝင်၈ ဦးကိုစစ်ကောင်စီဖမ်းဆီး

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ရန်ကုန်မှာ ကလေးမိခင်အမျိုးသမီးကိုဖမ်းဆီးပြီးနောက် အသက် ၄ နှစ်အရွယ် ကလေး ကိုမူကြိုကျောင်းမှာစစ်ကောင်စီကသွားရောက်ခေါ်ဆောင်ဖမ်းဆီးခဲ့တာဖြစ်ခဲ့ပါတယ်။

People's Spring
People's Spring

ကျောက်ဆည်ပညာရေးသပိတ်ကို ဦးဆောင်ပါဝင်ခဲ့တဲ့ CDM ကျောင်းဆရာကို ရှာမတွေ့တာကြောင့် ၄ နှစ်ခွဲအရွယ်သမီးဖြစ်သူအပါအဝင် မိသားစုဝင် ၉ ဦးကိုစစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

CDM ကျောင်းဆရာ ရဲ့ ၄နှစ်ခွဲအရွယ်သမီးဖြစ်သူမရှကီ ကို မေလ ၄ ရက်က ဖမ်းဆီးသွားတာပါ။

ကလေးငယ်ကိုမဖမ်းခင် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းနဲ့မေလဆန်းပိုင်းမှာ ကျောင်းဆရာရဲ့ဇနီး ၊ မိဘ ၂ ပါး ၊အကို ၂ ဦး ၊ ညီမ ၊ ယောက်က္ခမ နဲ့ခယ်မ တို့လည်း အသီးသီး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကသတင်းထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ရန်ကုန်မှာ ကလေးမိခင်အမျိုးသမီးကိုဖမ်းဆီးပြီးနောက် အသက် ၄ နှစ်အရွယ် ကလေး ကိုမူကြိုကျောင်းမှာစစ်ကောင်စီကသွားရောက်ခေါ်ဆောင်ဖမ်းဆီးခဲ့တာဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကလေးငယ်တွေကိုဖမ်းဆီးခေါ်ဆောင် တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ သတင်းအမှောင်ချထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။