Connect with us

Hi, what are you looking for?

News

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို ကန်နိုင်ငံခြားရေး ဒုဝန်ကြီး ယနေ့ လက်ခံတွေ့ဆုံမည်

NUG နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံပြီးနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးကို ဝင်ဒီရှားမန်းက လက်ခံတွေ့ဆုံမည်ဖြစ်သည်။

(ပုံစာ - အမေရိကန်နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်နှင့် NUG အစိုးရအဖွဲ့ဝင်များ အွန်လိုင်းမှ ဆွေးနွေးကြစဉ်)

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းသည် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့(မေ ၁၂ ရက်)တွင် လက်ခံတွေ့ဆုံ မည်ဖြစ်သည်။

ဝါရှင်တန်သို့ ရောက်ရှိနေသော NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဒေသစံတော်ချိန် ၁၀ နာရီတွင် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက လက်ခံတွေ့ဆုံမည်ဟု နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံပြီးနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးကို ဝင်ဒီရှားမန်းက လက်ခံတွေ့ဆုံမည်ဖြစ်သည်။

အဆိုပါတွေ့ဆုံမှုနှစ်ခုစလုံးတွင် မီဒီယာများကို သတင်းရယူခွင့်မပြုကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့သည် ယခင်က အွန်လိုင်းမှတွေ့ဆုံဆွေးနွေးခဲ့မှုများရှိသော်လည်း လူချင်းတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဧည့်ခံဆွေးနွေးမည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဝါရှင်တန်သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ဘေးဆွယ်ဆွေးနွေးပွဲ(side meeting)များအဖြစ် အာဆီယံ ဝန်ကြီးအချို့နှင့်လူချင်း တွေ့ ဆုံဆွေးနွေးမည်ဟု ​NUG အစိုးရအဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်