Connect with us

Hi, what are you looking for?

News

အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အမြန်ဆုံးအပြည့်အဝ အကောင်အထည်ဖော်ရန် ကန်-အာဆီယံခေါင်းဆောင်များ တိုက်တွန်း

ခေါင်းဆောင်များသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကတိကဝတ်ကို ထပ်လောင်းအတည် ပြုခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံးကို ပြန်လွှတ်ပေးရန် တို့ကို ဆက်လက်တောင်းဆိုသည်။

အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အမြန်ဆုံးအပြည့်အ၀အကောင်အထည်ဖော်ရန် အမေရိကန်နှင့် အာဆီယံခေါင်းဆောင်များကတိုက်တွန်းလိုက်သည်။

ဝါရှင်တန်၌ ပြုလုပ်ခဲ့သော အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်၌ မြန်မာ့အကျပ်အတည်းအပေါ် ခေါင်းဆောင်များက နက်ရှိုင်းစွာ ဆက်လက်စိုးရိမ်ပူပန်ကြောင်း ဖော်ပြသည်။

ခေါင်းဆောင်များသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကတိကဝတ်ကို ထပ်လောင်းအတည် ပြုခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံးကို ပြန်လွှတ်ပေးရန် တို့ကို ဆက်လက်တောင်းဆိုသည်။

“အာဆီယံပဋိညာဉ်အတိုင်း လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့် ကတိကဝတ်တွေကို ထင်ဟပ်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းသောအဖြေရှာရေးဆီ ဦးတည်ပြီး ကျွန်ုပ်တို့ရဲ့ စုပေါင်းကြိုးပမ်းမှုတွေကို နှစ်ဆ တိုးမြှင့်လုပ်ဆောင်သွားမှာပါ” ဟု အမေရိကန်-အာဆီယံ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် အာဆီယံအထူးကိုယ်စားလှယ်အလုပ်လုပ်နိုင်ရေး၊ သက် ဆိုင်ရာ ပါတီအားလုံးအကြား အပြည့်အ၀တွေ့ဆုံကာ ယုံကြည်မှုတည်ဆောက်ရေး၊ ခွဲခြားမှုမရှိဘဲ လိုအပ်နေသူများထံ လူသားစာနာမှုအကူအညီများပေးရေး တို့အပါအဝင် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောအဖြေရှာရန် အာဆီယံ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ခံအားပေးမည်ဟု ထုတ်ပြန်သည်။

ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား အရေး ကြီးသည့် ကြိုးပမ်းအားထုတ်မှုများတွင် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း အမေရိကန်-အာဆီယံ ခေါင်းဆောင်များက ပူးတွဲထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook