Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့နယ်တွင် စစ်​ကောင်စီတပ်ကို မဟာမိတ် ၁၈ ဖွဲ့ပူး​ပေါင်းတိုက်ခိုက် စစ်သား ၂၅ ဦး​သေဆုံး

အကြမ်းဖက်စစ်ကောင်စီကင်းပုန်း၏ G3ကျည်မှာ ဘီလုံးပြောက်ကျားတပ်ရဲဘော်၏ ခါးသို့ထိမှန်ခဲ့ခြင်းဖြစ်ပြီး ဆေးအဖွဲ့ထံမှ အစွမ်းကုန် ကြိုတင်ဆေးကုသမှုခံယူခဲ့သော်လည်း ဆက်လက်ကုသရန်စီစဥ်နေစဥ် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု Myaung Union Army က ပြောသည်။

(ရေလယ်ကျွန်း​ဒေသတွင် အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်နေကြစဥ်။)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား မဟာမိတ်၁၈ ဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၂ ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

မေလ ၁၂ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့နယ်၊ ဘိစပ်ကုန်းရွာနှင့် လှေကုတ်ရွာမှ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ပြီးနောက် ထွက်ခွာလာစဥ် ညနေ ၃း၃ဝ ခန့်တွင် PDF-Taloke(မြင်းခြံခရိုင် တပ်ရင်း၂)၏ ဦးဆောင်မှုဖြင့် လမ်းကြောင်းဖြတ်တောက် တိုက်စစ်ဆင်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

အပြန်အလှန်ပစ်ခတ်ကြရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးပြီး ကျန်ရှိ အကြမ်းဖက်အဖွဲ့ဝင်များ လှေခုတ်ရွာတွင်း ပုန်းခိုသွားသည်ဟု မဟာမိတ်တို့ကဆိုသည်။အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးခြေထောက်ကျည်ထိပြီးဆေးကုသမှုခံယူနေ
သည်ဟု ၎င်းအဖွဲ့များက ပြောသည်။

(ရေလယ်ကျွန်း​ဒေသတွင် အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်နေကြစဥ်။)

အကြမ်းဖက်စစ်တပ်သည် ထိုညက လှေခုတ်ရွာတွင်ညအိပ်ခဲ့ပြီး နံနက်လင်း၍ ၁၃ ရက်နေ့တွင် တည်းခိုခဲ့သည့် လှေခုတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မီးငြှိမ်းသတ်ရန် အရဲစွန့်ရှေ့တိုးလာခဲ့ကြပြီးအကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့ရာ ဘီလုံးပြောက်ကျားတပ်ဖွဲ့မှရဲဘော်တစ်ဦးကျည်ထိမှန်သေဆုံးခဲ့သည်ဟုမဟာမိတ်တို့ကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကင်းပုန်း၏ G3ကျည်မှာ ဘီလုံးပြောက်ကျားတပ်ရဲဘော်၏ ခါးသို့ထိမှန်ခဲ့ခြင်းဖြစ်ပြီး ဆေးအဖွဲ့ထံမှ အစွမ်းကုန် ကြိုတင်ဆေးကုသမှုခံယူခဲ့သော်လည်း ဆက်လက်ကုသရန်စီစဥ်နေစဥ် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု Myaung Union Army က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား ပြည်သူ့တပ်မတော်မြောင်၊CDSOM၊BGF၊ MGN Tiger၊ MTGR၊ GGG၊ ဒေါင်းစစ်သည်၊ မြောင်တောင်သူလယ်သမားအဖွဲ့၊ Shwe Ao Revolution Gorce၊ CRF မြင်းမူ၊MG6ပြောက်ကျားတပ်၊ BEDF-MMU၊ MGN 36၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ သိန်းငှက် ပြောက်ကျားတပ်ဖွဲ့၊ ဖီးနစ်ပြောက်ကျားတပ်ဖွဲ့၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေစကြိုရေလယ်ကျွန်းဒေသရှိကျေးရွာများအား စစ်ကြောင်းထိုးနေပြီးရက်သတ္တပတ်အတွင်းကျေးရွာ၁၀ရွာမှ နေအိမ်၆၀ ကျော်မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Facebook