Connect with us

Hi, what are you looking for?

News

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ကန်သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာတို့ အိမ်ဖြူတော်၌တွေ့ဆုံ

အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်-အာဆီယံထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန် ကြေညာချက်ပါ မြန်မာ့အရေးဖော်ပြချက်ကို ပယ်ချကြောင်းနှင့် NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများကိုလည်း ကန့်ကွက်ကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

(သမ္မတဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinskiနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံနေစဥ်)

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတာဝန်ခံမှုရှိစေရေး အမေရိကန်ဆက်လက်ဖိအားပေးလုပ်ဆောင်မည်ဟု ထိပ်တန်းတာဝန်ရှိသူပြော

အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အမေရိကန်က ဆက်လက်ဖိအားပေးလုပ်ဆောင်မည်ဟု သမ္မတဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinskiက ပြောသည်။

အထက်ပါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာဒါရိုက်တာသည် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို မေလ၁၃ ရက်တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုနှင့်အတူ ရပ်တည်နေကြောင်း ထည့်သွင်းပြောကြားသည်။

နှစ်ရက်တာ ကျင်းပခဲ့သော အမေရိကန်-အာဆီယံထိပ်သီးညီလာခံ၌ မြန်မာအတွက် ထိုင်ခုံ အလွတ်ထားသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဝါရှင်တန်သို့ ရောက်ရှိနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံအချို့မှ ဝန်ကြီးအချို့ကိုလည်း NUG နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လူချင်းတွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်-အာဆီယံထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန် ကြေညာချက်ပါ မြန်မာ့အရေးဖော်ပြချက်ကို ပယ်ချကြောင်းနှင့် NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများကိုလည်း ကန့်ကွက်ကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အစိုးရတာဝန်ရှိ သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUGကိုယ်စားလှယ်များနှင့် ထိတွေ့ဆက် ဆံခြင်းမပြုရန် တောင်းဆိုထားသည်။

အာဆီယံအဖွဲ့ဝင် မလေးရှားက မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ပြည်သူရွေးချယ်တင်မြှောက်ထားသော NUG အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် ပါဝင်သင့်သူများနှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အာဆီယံကို အဆိုပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook