Connect with us

Hi, what are you looking for?

News

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ကန်သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာတို့ အိမ်ဖြူတော်၌တွေ့ဆုံ

အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်-အာဆီယံထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန် ကြေညာချက်ပါ မြန်မာ့အရေးဖော်ပြချက်ကို ပယ်ချကြောင်းနှင့် NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများကိုလည်း ကန့်ကွက်ကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

(သမ္မတဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinskiနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံနေစဥ်)

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတာဝန်ခံမှုရှိစေရေး အမေရိကန်ဆက်လက်ဖိအားပေးလုပ်ဆောင်မည်ဟု ထိပ်တန်းတာဝန်ရှိသူပြော

အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အမေရိကန်က ဆက်လက်ဖိအားပေးလုပ်ဆောင်မည်ဟု သမ္မတဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinskiက ပြောသည်။

အထက်ပါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာဒါရိုက်တာသည် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို မေလ၁၃ ရက်တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုနှင့်အတူ ရပ်တည်နေကြောင်း ထည့်သွင်းပြောကြားသည်။

နှစ်ရက်တာ ကျင်းပခဲ့သော အမေရိကန်-အာဆီယံထိပ်သီးညီလာခံ၌ မြန်မာအတွက် ထိုင်ခုံ အလွတ်ထားသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဝါရှင်တန်သို့ ရောက်ရှိနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံအချို့မှ ဝန်ကြီးအချို့ကိုလည်း NUG နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လူချင်းတွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်-အာဆီယံထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန် ကြေညာချက်ပါ မြန်မာ့အရေးဖော်ပြချက်ကို ပယ်ချကြောင်းနှင့် NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများကိုလည်း ကန့်ကွက်ကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အစိုးရတာဝန်ရှိ သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUGကိုယ်စားလှယ်များနှင့် ထိတွေ့ဆက် ဆံခြင်းမပြုရန် တောင်းဆိုထားသည်။

အာဆီယံအဖွဲ့ဝင် မလေးရှားက မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ပြည်သူရွေးချယ်တင်မြှောက်ထားသော NUG အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် ပါဝင်သင့်သူများနှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အာဆီယံကို အဆိုပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။