Connect with us

Hi, what are you looking for?

News

မတူပီလာတဲ့စစ်ကား​တွေ မင်းတပ်မှာဘယ်လိုနား​နေလဲ

​ခလရ ၂၇၄ ကို အ​ပေါ်က​နေ ဒရုန်းနဲ့ရိုက်ကူးတဲ့အချိန်မှာ စစ်​ကောင်စီတပ်က ​သေနတ်နဲ့ ပစ်ခတ်ခဲ့​သေးတယ်လို့လည်းသူကဆိုပါတယ်။ ဒရုန်းရိုက်ကူးမှု​တွေက ​ကောင်းမွန်တဲ့အတွက် ခလရ ၂၇၄ ရဲ့ ​အ​ခြေအ​နေကို စိတ်ဝင်စားသူ​တွေ​​ကောင်း​ကောင်း​လေ့လာနိုင်ပါတယ်။

မင်းတပ်မြို့ မှာရှိတဲ့ ​ခြေလျင်တပ်ရင်း(ခလရ ) ၂၇၄ ကအာဏာသိမ်းစစ်​ကောင်စီရဲ့ စစ်ကား ၆၈ စီးကို ​နေရာခွဲရပ်နားထားပုံနဲ့ တပ်ရင်းအတွင်းမှာ လေယာဥ်ကွင်း ၊လက်နက်ကြီးနဲ့စက်​သေနတ်တွေဆင်ထားပုံ​တွေကို ​ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဓါတ်ပုံ​တွေ ဒီ​နေ့ည​နေမှာ ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာပျံ့နှံ့လာပါတယ်။

“ရဟတ်ယာဥ်ကွင်း နားတွင် ပီပါပုံးများဖြင့်ကာထားသော လက်နက်ကြီးများ မှာ၁၂၀ မမ နှင့် စက်သေနတ်များ ဖြစ်ပါတယ် ။၎င်း တို့ဖြင့် ကျေးရွာများ ဘက်သို့အကြောင်းမဲ့ ရမ်းပစ်ကြလေ့ရှိပါတယ်”ဟု အဆိုပါပုံများကိုတင်ထား​သော​​အမျိုးသားက​ရေးထားပါတယ်။

​ခလရ ၂၇၄ ကို အ​ပေါ်က​နေ ဒရုန်းနဲ့ရိုက်ကူးတဲ့အချိန်မှာ စစ်​ကောင်စီတပ်က ​သေနတ်နဲ့ ပစ်ခတ်ခဲ့​သေးတယ်လို့လည်းသူကဆိုပါတယ်။ ဒရုန်းရိုက်ကူးမှု​တွေက ​ကောင်းမွန်တဲ့အတွက် ခလရ ၂၇၄ ရဲ့ ​အ​ခြေအ​နေကို စိတ်ဝင်စားသူ​တွေ​​ကောင်း​ကောင်း​လေ့လာနိုင်ပါတယ်။

ခလရ ၂၇၄ တွင်ရပ်ထား​သောကားများမှ မတူပီ မြို့မှ မင်းတပ်မြို့ ​ဒေသခံကာကွယ်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​​တွေကြောင့် ၁၇ရက် ကြာမှ​ရောက်လာတဲ့ကား​တွေဖြစ်ပါတယ်။ အဲဒီကာ​တွေဟာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ မုံရွာမြို့ ကို ဆက်လက်ထွက်ခွာမယ်လို့သိ့ရပြီး ၊ဒီ​နေ့ နံတက်မှာအဲဒီယာဥ်တန်းရဲ့ ​ရှေ့​ပြေးအဖွဲ့ နဲ့ ​ဒေသခံပြည်သူကာကွယ်​ရေးတပ်​တွေ မင်းတပ်-​ကျောက်ထု လမ်းပိုင်းမှာတိုက်ပွဲဖြစ်​နေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook