Connect with us

Hi, what are you looking for?

News

ရေမျက်နီရဲစခန်းအားသိမ်းပိုက်ရန် ထီးလင်း PDFဝင်တိုက်၊ ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရ၍ ပြန်ဆုတ်ခွာခဲ့

ကျည်ထိမှန်သော ရဲဘော်၏ ဒဏ်ရာပြင်းထန်မှု့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး ရန်သူဘက်မှ ထိခိုက်ကျဆုံးမှု့ ရှိနိုင်ကြောင်း၊ အခြေအနေစုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီ ရဲစခန်းကို ယမန်နေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်ကြောင်း ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

မေလ ၁၆ရက် ည ၈နာရီ ၁၀မိနစ်ခန့်တွင် ရေမျက်နီကျေးရွာရဲစခန်းအား စခန်းသိမ်းတိုက်ပွဲဆင်နွှဲရန်၀င်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ထီးလင်း PDFရဲဘော်တစ်ဦး ကျည်ထိမှန်ကာ စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ကျည်ထိမှန်သော ရဲဘော်၏ ဒဏ်ရာပြင်းထန်မှု့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး ရန်သူဘက်မှ ထိခိုက်ကျဆုံးမှု့ ရှိနိုင်ကြောင်း၊ အခြေအနေစုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထီးလင်း PDFသည် ဧပြီ ၁၇ရက်ကလည်း ထီးလင်းမြို့နယ် ကျင်းကျေးရွာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် စခန်းမှူးအပါအဝင် စစ်ကောင်စီ လက်ပါးစေရဲသုံးဦးသေဆုံးပြီး ရဲ၁၀ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်နက်များလည်းရရှိခဲ့ကြောင်း ထီးလင်း PDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။