Connect with us

Hi, what are you looking for?

News

တစ်နိုင်ငံလုံးရှိ​ရွှေဆိုင်များမှ ​ရွှေတုံး၊​ရွှေခဲစာရင်းကိုစစ်​ကောင်စီ​ကောက်ယူ​နေ၊​ ရွှေများကိုထိန်းချုပ်ရန်ကြိုးပမ်းမှုဟုသုံးသပ်မှုများရှိ

တစ်နိုင်ငံလုံးရှိရွှေဆိုင်များတွင် ရှိသည့် ရွှေတုံးရွှေခဲအရေအတွက်စာရင်းကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များမှတစ်ဆင့် စစ်ကောင်စီ ကောက်ယူနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရသည်။

●​ရွှေလုပ်ငန်းရှင်များကိုကန့်သတ်ချက်များထုတ်ပြန်ပြီး​နောက် ​ရွှေအသင်းဥက္ကဌဂေါက်ရိုက်​နေပုံတင်

နိုင်ငံအတွင်းရှိ ရွှေတုံးရွှေခဲများပမာဏနှင့် အရောင်းအဝယ် စီးဆင်းမူကို စစ်ကောင်စီကထိန်းချုပ်နိုင်​ရန်အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များမှ တစ်ဆင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး ရွှေအရာင်းအဝယ်နှင့်ပတ်သတ်သည့် စည်းမျဉ်း ၇ ခုကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ (မေ ၁၇ ရက်)က ထုတ်ပြန်သည်။ ယခင်က ထိုကဲသို့ သတ်မှတ်ချက်မျိုး မရှိခဲ့​ပေ။

ထိုထုတ်ပြန်ချက်ထဲတွင် ရွှေဆိုင်များသည် ရွှေတုံးရွှေခဲစာရင်းကို တိတိကျကျ မှန်မှန်ကန်ကန်စာရင်းပြုစုပြီးပေးရမည်ဟု သတ်မှတ်ထားသည်။

ထိုပြင်ရွှေဆိုင်များနှင့်ရွှေတုံးရွှေခဲအရောင်းအဝယ်ပြုလုပ်သူများသည် လိုင်စင်ပြုလုပ်ရမည်ဟုဆိုသည်။ အွန်လိုင်းနှင့် မိုဘိုင်း အက်ပလီကေးရှင်းတွင် ရောင်းချမူများကိုလည်း လိုင်စင်လုပ်ရမည်ဖြစ်ပြီး လိုင်စင်မလုပ်ပါက ဖမ်းဆီးမည်ဟု စစ်​ကောင်စီကခြိမ်းခြောက်ထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး နေရာတွင်သာ ရွှေအရောင်းအဝယ်ပြုလုပ်ရန်နှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်ခြင်းမပြုရဟု အသင်းက ကန့်သတ်ထားသည်။

ထိုအချက်များကို မလိုက်နာပါက ဖမ်းဆီးအရေးယူမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ခြိမ်းခြောက်ထားသည်။

“ပြည်တွင်းကရွှေတွေကို စစ်တပ်က ထိန်းချုပ်ဖို့ လုပ်နေတာ။ဒီရွှေတွေကနေ စစ်ကောင်စီကို ငွေရအောင် အသင်းက ကြိုးစားလုပ်ပေးနေတာ။ PDFတွေအနေနဲ့လည်း ဒီအသင်းကို အရေးယူပေးဖို့ တောင်းဆိုချင်တယ် ”ဟု ရန်ကုန်တိုင်းအခြေစိုက် ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီသည်နိုင်ငံခြားလိုငွေများလာခြင်းကြောင့်ပြည်တွင်းရှိ ဒေါ်လာနှင့် ရွှေကို ပိုမိုထိန်းချုပ်လာခြင်းဖြစ်ပြီး ပြည်သူပိုင်ရွှေများကို အဓမ္မသိမ်းယူရန် ကြံစည်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

စစ်ကောင်စီက ရွှေအသင်းကို ထိန်းချုပ်ထားပြီး ၎င်းတို့ သတ်မှတ်ဈေးအတိုင်းရောင်းချရန် ဖိအားပေးထားသလို၊ ၎င်းတိူ့သတ်မှတ်​​သော​ဈေးဖြင့် ဈေးကွက်အတွင်းရွှေဝယ်ယူ၍ မရကြောင်းလည်း အခြားရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်များ အပါအဝင် ရွှေလုပ်ငန်းရှင် ၉ ဦးကို ယမန့်နေက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူအချို့ ကို အိန္ဒိယသို့ ရွှေမှောင်ခိုပို့ခြင်းကြောင့်ဆို​သောစွပ်စွဲချက်ဖြင့်ဖမ်းဆီးထားခြင်းဖြစ်သည်ဟုစုံစမ်းသိရသည်။ သို့​သော် ​ရန်ကုန်တိုင်းရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်က ဖမ်းဆီးခံရသူများသည် ​ရွှေလုပ်ငန်းရှင်များ မဟုတ်ဘဲ ​လေပက်ကား​ရောင်းဝယ်သူများဖြစ်သည်ဟု မီဒီယာအချို့ကို​ဖြေကြားထားသည်။

တစ်နိုင်ငံလုံးရှိ​ရွှေဆိုင်များကို ​ရွှေတုံး​ရွှေခဲစာရင်းလုပ်​ပေးရန် ၊လိုင်စင်ပြုလုပ်ရန် တင်းကြပ်လာချိန် ၊ လုပ်ငန်းရှင်အချို့ ဖမ်းဆီးခံထားရချိန်မှာပင် ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်နှင့် လုပ်ငန်းရှင်အချို့က ​ဂေါက်သီးရိုက်​သောဓါတ်ပုံကို အသင်း​ဖေစ်ဘွခ်တွင်တင်၍ “ကျန်းမာ​ရေးအတွက်​​GOLFရိုက်ပါ” ဟု​ရေးသားထားသည်ကို​တွေ့ရသည်။​ရွှေလုပ်ငန်းရှင်များကို အချက် ၇ ချက်ထုတ်ပြန်၍ကတ်သတ်​ကြောင်း ပိုစ်တင်ပြီး နှစ်နာရီ အကြာတွင်အသင်းဥက္ကဌ နှင့်အသင်းဝင်လုပ်ငန်းရှင်အချို့ ​​အေး​ဆေးဂေါက်သီးရိုက်​သောပုံကိုတင်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်​ကောင်စီက အာဏာသိမ်းပြီး ၅ ရက်အကြာ ​၂၀၂၁ ဖော်​ဖော်ဝါရီ ၅ ရက်မှ စ၍ ထိုအသင်းသည် ​ရန်ကုန်ရွှေအသင်းတာဝန်ရှိသူများ​အေး​ဆေး​​ဂေါက်သီးရိုက်​သောပုံများမကြာခဏတင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

သတင်း

အဓမ္မစုဆောင်းခံရ၍ အစောင့်စစ်သားနှစ်ဦးသတ်ပြီး KNUတပ်မဟာ(၄)ထံ ခိုလှုံလာသူ လူငယ် ၂၇ဦးအနက် ၂၂ဦးက လက်နက်ကိုင်တိုက်ပွဲပြန်ဝင်မည်

သတင်း

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်လာကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

Facebook