Connect with us

Hi, what are you looking for?

News

နောက်ဆုံးတိုက်ပွဲအတွက်အားမာန်အပြည့်ဖြစ်​နေပြီဟုအဆို​တော်မွန်း​အောင်ကငယ်သူငယ်ချင်းဒုဗိုလ်ချုပ်ကြီးဂွန်​မော်နှင့်ပုံတင်၍သတင်းစကားပါး

နာမည်ကြီး တေးရေး၊အဆိုတော်ထူးအိမ်သင် ရေးသားပြီး မွန်းအောင်သီဆိုထားသည့် “သွေးသစ္စာ”သီချင်းသည်စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပြည်သူလူထုအား စိတ်ခွန်အားပေးသည့် သီချင်းတစ်ပုဒ် ဖြစ်လာသည်။

စစ်အာဏာရှင်အား ဖြုတ်ချရေး နောက်ဆုံးတိုက်ပွဲအတွက် အားမာန်အပြည့်ဖြစ်နေသည်ဟု အဆိုတော်မွန်းအောင်က ကေအိုင်အေ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အတူတွဲ ရိုက်ထားသည့် ဓာတ်ပုံကို လှုမှုကွန်ရက်ပေါ်တင်ကာ သတင်းစကားပါးသည်။

ယခုရက်ပိုင်းအတွင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့်တွေ့ဆုံစဥ် ရိုက်ကူးထားသည့် ဓာတ်ပုံကိုအဆိုတော် မွန်းအောင်က သူ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် မေလ ၁၇ရက်ညကတင်ထားပြီး သတင်းစကားပါးခြင်းဖြစ်သည်။

” အမှန်တရားနဲ့သစ္စာတရားကို ယုံကြည်တန်ဖိုးထားတာခြင်း တူကြပေမယ့် ဘဝဖြတ်သန်းတဲ့ အတွေ့အကြုံတွေမတူကြပါဘူး။ ဒါပေမယ့် ယုံကြည်ချက်ခံယူချက် သံဓိဌာန်ခြင်း တူနေကြတုန်းပဲ။ အခုလည်း နောက်ဆုံးတိုက်ပွဲအတွက် အားမာန်အပြည့် ဖြစ်နေကြတုန်းပါ” ဟုအဆိုတော် မွန်းအောင်က ရေးသားထားသည်။

ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အဆိုတော်မွန်းအောင်သည်ကျောင်းနေဖက်သူငယ်ချင်းများဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က စစ်အာဏာရှင်ဖြုတ်ချနိုင်ရေး လက်နက်ကိုင်နိုင်ငံရေးလမ်းစဥ်ကို ရွေးချယ်ကာ ယခုအခါKIO/KIAတွင် ​ခေါင်း​​ဆောင်တစ်ဦးဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးဂွန်​မော်သည်ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ ဝင်ဖြစ်သလို ၊ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ဒုဥက္ကဌ လည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုတော်မွန်းအောင်သည် နာမည်ကြီးအဆိုတော်အနေဖြင့် အောင်မြင်နေစဥ် ၈၈ အရေးအခင်းတွင် ပါဝင်ခဲ့၍ စစ်တပ်က လိုက်လံဖမ်းဆီးသောကြောင့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး နိုင်ငံရေးကိစ္စများ ဆက်လက်လုပ်ကိုင်ခဲ့သူဖြစ်သည်။

နာမည်ကြီး တေးရေး၊အဆိုတော်ထူးအိမ်သင် ရေးသားပြီး မွန်းအောင်သီဆိုထားသည့် “သွေးသစ္စာ”သီချင်းသည်စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပြည်သူလူထုအား စိတ်ခွန်အားပေးသည့် သီချင်းတစ်ပုဒ် ဖြစ်လာသည်။

“သွေးသစ္စာ”သီချင်းကို ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မြေအောက်စခန်း၌ ထူးအိမ်သင် တောခိုခဲ့စဉ်က ရေးသားခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အဆိုတော် မွန်းအောင်က ဘန်ကောက်မြို့၌အသံသွင်းခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဘန်ကောက်မြို့၌ပင် လျှို့ဝှက် ဖြန့်ချိခဲ့ပြီး ယနေ့အချိန်အထိ နိုင်ငံရေးသြဇာလွမ်းမိုးစေသည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး ​နွေဦး​တော်လှန်​ရေးတွင် ခွန်အား​ပေး​သောသီချင်းတစ်ပုဒ်ဖြစ်သည်။

သွေးသစ္စာသီချင်း https://youtu.be/Pv15P3Ozpg4
ကို ဒီမိုကရေစီအရေးလှုပ်ရှားမှုအခမ်းအနားများတွင် လွတ်လပ်စွာသုံးစွဲပိုင်ခွင့် ရှိသည်ဟုမွန်းအောင်က ခွင့်ပြုထားသည်။

” တစ်ယောက်က ဂီတနဲ့၊ တစ်ယောက်က သေနတ်နဲ့ ချနေကြတယ်။မအလ(မင်းအောင်လှိုင်) တို့ ရေစိုဝဲစားခွေးလိုထွက်ပြေးရတော့မယ်” ဟု အဆိုတော်မွန်းအောင်၏ ပရိတ်သတ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။