Connect with us

Hi, what are you looking for?

LuduNwayOo

News

မြ၀တီမြို့နယ် သေဘောဘိုးဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေယာဉ်များဖြင့်အကြိမ်​ရေများစွာတိုက်ခိုက်

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် သေဘောဘိုးဒေသ၌ ကရင်အမျိုးသားအစည်း အရုံး(KNU)ဦးဆာင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ယနေ့တွင် လေကြာင်းမှအကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာနေသည်ဟု ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်မှူးတစ်ဦးက ပြောသည်။

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“ခုပစ်နေတုန်းပဲ။ အဲဒါက ကျွန်တော်တို့လူက သွားတိုက်တာ။ ကျွန်တော်တို့က ပြန်ဆုတ်လို့ပြောထားတာ သူတို့(စစ်​ကောင်စီတပ်)က မဆုတ်တော့ သူတို့ တပ်အင်အားထပ်တိုးလာလို့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

PDF တပ်ရင်းမှူးတစ်ဦးကလည်း“သေဘောဘိုးမှာ မနေ့ကကတည်းက ဖြစ်တာပေါ့။ လေယာဉ်ကတော့ ၁၁ကြိမ် ၊ ၁၂ကြိမ်လောက်ပဲ။ ပထမသိရတာတော့ ဖိုက်တာတစ်စီးနဲ့ ရဟတ်ယာဉ် နှစ်စီးပေါ့။ အခုနောက်ထပ်ဖိုက်တာ နှစ်စီးလောက်တက်သွားတယ်လို့ သိရတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကို KNUဗဟို သတင်းရင်းမြစ်က အတည်ပြုသော်လည်းအသေးစိတ် အခြေအနေများမသိရသေးဟု ပြောသည်။စစ်​ကောင်စီတပ်သည်အထိနာလျှင် ​လေ​ကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။