Connect with us

Hi, what are you looking for?

News

မြ၀တီမြို့နယ် သေဘောဘိုးဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေယာဉ်များဖြင့်အကြိမ်​ရေများစွာတိုက်ခိုက်

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် သေဘောဘိုးဒေသ၌ ကရင်အမျိုးသားအစည်း အရုံး(KNU)ဦးဆာင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ယနေ့တွင် လေကြာင်းမှအကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာနေသည်ဟု ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်မှူးတစ်ဦးက ပြောသည်။

​သေ​ဘောဘိုး​ဒေသမှ စစ်​ကောင်စီတပ်စခန်းကိုဆုတ်ခွာရန် သတိ​ပေး​သော်လည်း မဆုတ်ခွာဘဲ အင်အားထပ်တိုးလာသဖြင့် ​KNU ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များက ​မေ ၁၇ မှစ၍ စခန်းကိုသွား​ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“ခုပစ်နေတုန်းပဲ။ အဲဒါက ကျွန်တော်တို့လူက သွားတိုက်တာ။ ကျွန်တော်တို့က ပြန်ဆုတ်လို့ပြောထားတာ သူတို့(စစ်​ကောင်စီတပ်)က မဆုတ်တော့ သူတို့ တပ်အင်အားထပ်တိုးလာလို့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

PDF တပ်ရင်းမှူးတစ်ဦးကလည်း“သေဘောဘိုးမှာ မနေ့ကကတည်းက ဖြစ်တာပေါ့။ လေယာဉ်ကတော့ ၁၁ကြိမ် ၊ ၁၂ကြိမ်လောက်ပဲ။ ပထမသိရတာတော့ ဖိုက်တာတစ်စီးနဲ့ ရဟတ်ယာဉ် နှစ်စီးပေါ့။ အခုနောက်ထပ်ဖိုက်တာ နှစ်စီးလောက်တက်သွားတယ်လို့ သိရတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကို KNUဗဟို သတင်းရင်းမြစ်က အတည်ပြုသော်လည်းအသေးစိတ် အခြေအနေများမသိရသေးဟု ပြောသည်။စစ်​ကောင်စီတပ်သည်အထိနာလျှင် ​လေ​ကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။