Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်၏သေ့​ဘောဘိုးစခန်းအသိမ်းခံရပြီနောက် ​လေး​ကေ့​ကော်ကိုဗုံးနှစ်ကြိမ်ကျဲ၊ ​တော်လှန်​ရေးရဲ​​ဘော်သုံဦးဒဏ်ရာရ

(​လေး​ကေ့​ကော်​တွင်​ကော်ဘရာစစ်​ကြောင်းရှိမည်ထင်​သော​နေရာများကို စစ်တပ်ကဗုံးကျဲပြီး​နောက်​​တွေ့ရစဥ်။ ဓါတ်ပုံ-​ကော်ဘရာစစ်​ကြောင်း)

အကြမ်းဖက်စစ်ကောင်စီ လေတပ်သည် လေ့ကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း၏ စခန်းကုန်းငယ်တစ်ခုနှင့်အခြားကုန်းငယ်နှစ်ခုကိုယနေ့ (မေလ ၁၉ ရက်) တွင်နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ တပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရပြီး ၁ ဦးမှာစိုးရိမ်ရ​ကြောင်း ​ကော်ဘရာစစ်​ကြောင်းကထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကုန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက လေကြောင်းတိုက်ခိုက်မှု (၃၅) ကြိမ်အား ကြံ့ကြံခံ၍ မေလ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီးနောက် တစ်ရက်တွင် ​လေ့​ကေ​ကော်​ဒေသသို့ လာ​ရောက်ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

(​လေး​ကေ့​ကော်​တွင်​ကော်ဘရာစစ်​ကြောင်းရှိမည်ထင်​သော​နေရာများကို စစ်တပ်ကဗုံးကျဲပြီး​နောက်​​တွေ့ရစဥ်။ ဓါတ်ပုံ-​ကော်ဘရာစစ်​ကြောင်း)

​လေး​ကေ့​ကော်ရှိ ​ကော်ဘရာစစ်​ကြောင်း၏ စခန်းငယ်တစ်ခုကို​မေ ၁၉ နံနက် (၂)နာရီခန့်တွင် တစ်ကြိမ်၊ အခြားတောင်ကုန်းငယ် တစ်ကုန်းအား မွန်းလွှဲ နှစ်နာရီခွဲခန့်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ပြင်းထန်ပြီးစိုးရိမ်ရ​ကြောင်း ​ဖော်ပြထားသည်။

​ကော်ဘရာစစ်​ကြောင်းနှင့်ပူး​ပေါင်းတပ်များကစစ်​ကောင်စီ၏ ​သေ့​ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ​စစ်သားသေဆုံးမှုများပြီး ၆ ဦးကိုဖမ်းမိကာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့​သည်။

Public Service Announcement

Public Service Announcement

(​လေး​ကေ့​ကော်​တွင်​ကော်ဘရာစစ်​ကြောင်းရှိမည်ထင်​သော​နေရာများကို စစ်တပ်ကဗုံးကျဲပြီး​နောက်​​တွေ့ရစဥ်။ ဓါတ်ပုံ-​ကော်ဘရာစစ်​ကြောင်း)

တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် (၃)ဦးကျဆုံးခဲ့ပြီး ၄ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ထံမှ ကနဦးသိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများမှာ ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG – 3 စက်လတ်(၁)လက်၊ MA – 2 (၄)လက်၊ MA – 3 (၂) လက်၊ MA – 5 (၁)လက် စုစုပေါင်းလက်နက်ကြီး၊ လက်နက်ငယ် ၁၂လက် နှင့် ခဲယမ်းများ၊ နင်းမိုင်း နှင့် ဒရုန်း အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

(​လေး​ကေ့​ကော်​တွင်​ကော်ဘရာစစ်​ကြောင်းရှိမည်ထင်​သော​နေရာများကို စစ်တပ်ကဗုံးကျဲပြီး​နောက်​​တွေ့ရစဥ်။ ဓါတ်ပုံ-​ကော်ဘရာစစ်​ကြောင်း)

အရှင်ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များတွင် တပ်ကြပ်ကြီး ၂ဦး၊ တပ်ကြပ် ၁ဦး၊ ဒုတပ်ကြပ် ၁ဦး နှင့် တပ်သား ၂ဦးတို့ ပါဝင်ပြီး စစ်သုံ့ပန်း စည်းမျဉ်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်သိမ်းကာ ဆေးကုသပေးထားသည်ဟု ထုတ်ပြန်သည်။ ထိုအပြင် စစ်​ကောင်စီတပ်​သေဆုံးသူများတွင် ဒုတိယ တပ်ရင်းမှူးတစ်ဦးပါဝင်​ကြောင်းလည်းKIC သတင်းဌာနက​ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook