●မြန်မာနိုင်ငံတွင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းအဆိုးရွားဆုံးတိုက်ပွဲများကြောင့်ပြည်သူ ၁ သန်းကျော်စစ်ဘေးရှောင်နေရဟုFree Burma Rangers ဖော်ပြ
စစ်ကောင်စီတပ်၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် KNU တပ်မဟာ( ၁) နယ်မြေသထုံ၊ဘီးလင်းမြို့နယ် အတွင်းရှိ လူပေါင်း ၁၀၀၀၀ သည် နေရပ်စွန့်ခွာကာ လုံခြုံသထက် လုံခြုံသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Free Burma Rangers က ယနေ့သတင်းထုတ်ပြန်သည်။

Free Burma Rangers အဖွဲ့ဝင်များသည် ဂူတစ်ခုအတွင်း ငုံ့လျှိုးတိုးဝင်လမ်းလျှောက်ခဲ့ပြီး ရံဖန်ရံခါတွင် ကျပ်ကျပ်တည်းတည်း တွန့်လိမ် တွားသွားနေချိန်တွင် ကလေးငယ်အမျိုးသား ၄ ဦးကို ဂူအတွင်းရှိ ဂူငယ်အတွင်း၌တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အကြမ်းဖက်မြန်မာစစ်တပ်၏ လေကြောင်းနှင့် မြေပြင်မှ ပြင်းထန်သည့် တိုက်ခိုက်မှုများ ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံအများအပြားသည် ဂူများအတွင်းရှိ ပိုမိုလုံခြုံသည်ထင်ရ သော ဂူငယ်များအတွင်းသို့ တိမ်းရှောင်ခိုလုံနေရခြင်းဖြစ်သည်။

Public Service Announcement




Free Burma Rangers အဖွဲ့သည် အဆိုပါ တိမ်းရှောင်နေသူများကို ဆေးဝါးနှင့် အစား အသောက်များ ကူညီပံ့ပိုးပေးနေခြင်းဖြစ်သည်။ ဂူများတွင်တိမ်းရှောင်နေစောစစ်ဘေးရှောင်များနှင့် ၎င်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို Free Burma Rangers ကဓါတ်ပုံများနှင့်တစ်ကွယနေ့ထုတ်ပြန်သည်။


ဒုတိယကမ္ဘာစစ်(WWII)နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ သန်းကျော်အတွက် ဆုမွန်ကောင်းတောင်းပေးမှုကို ကျေးဇူးတင်ကြောင်းလည်း Free Burma Rangers က ထုတ်ပြန်သည်။


















































