Connect with us

Hi, what are you looking for?

News

ကလေး၀ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ကောင်စီ ​ရေယာဥ်ခြောက်စီးကို ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။

▪️တစ်စီးဝမ်းဗိုက်ပေါက်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေ

ကလေး၀ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ကောင်စီ၏ မော်တော်ယာဥ် ခြောက်စီးကို ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်ရာ မော်တော်ယာဥ်တစ်စီး ဝမ်းဗိုက်ပေါက်ပြီး စစ်ကောင် စီတပ်သားနှစ်ဦးသေဆုံးကြောင်း မင်းကင်းတပ်ရင်း(၃)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ ရေယာဥ်အုပ်စုကို ယနေ့(မေလ ၂၁ ရက်) နံနက် ၉နာရီခွဲခန့်က ရေမြှုပ်မိုင်းများ၊လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထိုသို့ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ မော်တော်တစ်စီး ၀မ်းဗိုက်ပေါက်သွားပြီး လက်ရှိတွင် နှင်းကြီးရွာတွင် ဆိုက်ကပ်ထားရပြီး စစ်ကောင်စီတပ်သား စနိုက်ပါနှစ်ဦးမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။

ထို့အပြင် ယခုလ ၈ရက်က စသာ(အထက်) ကျေးရွာ အနီး အကြမ်းဖက်စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲ၌ ပျူစောထီးနှစ်ဦး နှင့် စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ ပကဖ ရဲ​ဘော်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရ ကြောင်းလည်း မင်းကင်းတပ်ရင်း(၃)က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။