Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေး၀ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ကောင်စီ ​ရေယာဥ်ခြောက်စီးကို ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။

▪️တစ်စီးဝမ်းဗိုက်ပေါက်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေ

ကလေး၀ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ကောင်စီ၏ မော်တော်ယာဥ် ခြောက်စီးကို ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်ရာ မော်တော်ယာဥ်တစ်စီး ဝမ်းဗိုက်ပေါက်ပြီး စစ်ကောင် စီတပ်သားနှစ်ဦးသေဆုံးကြောင်း မင်းကင်းတပ်ရင်း(၃)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ ရေယာဥ်အုပ်စုကို ယနေ့(မေလ ၂၁ ရက်) နံနက် ၉နာရီခွဲခန့်က ရေမြှုပ်မိုင်းများ၊လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထိုသို့ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ မော်တော်တစ်စီး ၀မ်းဗိုက်ပေါက်သွားပြီး လက်ရှိတွင် နှင်းကြီးရွာတွင် ဆိုက်ကပ်ထားရပြီး စစ်ကောင်စီတပ်သား စနိုက်ပါနှစ်ဦးမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မေ ၂၀ ရက်)က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ နှင့် ရှမ်းတောရွာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြ သည်။

ထို့အပြင် ယခုလ ၈ရက်က စသာ(အထက်) ကျေးရွာ အနီး အကြမ်းဖက်စစ်အုပ်စုနှင့် ထိတွေ့တိုက်ပွဲ၌ ပျူစောထီးနှစ်ဦး နှင့် စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ ပကဖ ရဲ​ဘော်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရ ကြောင်းလည်း မင်းကင်းတပ်ရင်း(၃)က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။