Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ် ရဲတပ်ဖွဲ့မှူးနေအိမ်နှင့် မီးသတ်ရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် လေးဦးသေ

ယခုလ တတိယပတ်သုံးရက်အတွင်း စစ်ကောင်စီတပ်က မြောင်မြို့နယ်ကျေးရွာ ရှစ်ရွာကို မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှာလာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့မြို့နယ်မှူးနေအိမ်နှင့် မီးသတ်ရုံးတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် လေးဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOMက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က သာလွန်အင်အားဖြင့်မြောင်မြို့နယ်ရှိ ကျေးရွာများကို နေ့စဥ် မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းများအတွက်တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယမန်နေ့(မေ ၂၁ ရက်) တိုက်ခိုက်ခဲ့သော စစ်ကောင်စီအဖွဲ့ဝင် မြို့နယ်မှူးအိမ်အနီးရှိ ကင်းတဲအတွင်းသို့ အီနာဂါစစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင်သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်ဟု ဖော်ပြသည်။

အလားတူ မီးသတ်ဌာနကိုလည်း အီနာဂါစစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ မီးသတ်ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM အရှေ့မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ ကိုမင်းယက္ခ၊ ကိုဆင်ရိုင်း၊ ကိုမင်းဒေဝါတို့ ဦးဆောင်မှုဖြင့် CDSOM မြောက်ပိုင်းတိုက် ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ ကိုနတ်မြင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁)၊ (၂) တပ်ခွဲ – ၃ ပြည်သူ့တပ်မတော် (မြောင်)– Myaung Union Army၊ ကန္တာရသိမ်းငှက်၊ Young Fighter People’s Defense Force Of Myaung၊ Black Eagle Defense Force နှင့် Myinmu Civil Revolu tion Force – CRF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုလ တတိယပတ်သုံးရက်အတွင်း စစ်ကောင်စီတပ်က မြောင်မြို့နယ်ကျေးရွာ ရှစ်ရွာကို မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှာလာကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။