Connect with us

Hi, what are you looking for?

News

သိမ်ဇရပ်အခြေစိုက် တပ်ရင်းနှင့် သိမ်ဇရပ်ရဲစခန်းအား KRF တိုက်ခိုက်၊ စစ်ကောင်စီ သေဆုံးထိခိုက်ရှိ

တစ်ပြိုင်တည်း၌ သိမ်ဇရပ်မြို့မ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ ခမရ(၂၀၇)တပ်ရင်း နှင့် သိမ်ဇရပ်မြို့မ ရဲစခန်းအား ယနေ့ မနက်တွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်သည်။

မေလ ၂၄ရက် နံနက် ၃နာရီခွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ပူးပေါင်းပြီး တပ်မ (၄၄) လက်အောက်ခံသိမ်ဇရပ်အခြေစိုက် အမှတ်(၂၀၇) ခြေမြန်တပ်ရင်းအား အဆင့်မြင့်နည်းပညာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

တစ်ပြိုင်တည်း၌ သိမ်ဇရပ်မြို့မ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထပ်မံတိုက်ခိုက်ရန် အခွင့်အရေးများရှိသော်လည်း တပ်ရင်းရှိ မိသားစုများအား ထိခိုက်မည်ကို ငဲ့ညှာသောအားဖြင့် သတိပေးသည့်အနေဖြင့်သာ ပြုလုပ်ခဲ့ကြောင်း KRFက ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံများအနေဖြင့် KRF အား အချိန်မီ ဆက်သွယ်ရန် ဖော်ပြထားပြီး နောက်ထပ်တစ်ကြိမ်ဆိုပါက မည်သည့် အခွင့်အရေးမှ မပေးတော့ဟု ဖော်ပြထားသည်။

KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီးစစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စကစ ဒေါက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။