Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကျူးလွန်သည့် စုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပြည်သူ ၁၇၀ခန့် အသတ်ခံရ

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများတွင် ကနီမြို့နယ်တွင် ၅၅ ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၁၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၄၉ ဦး၊ မတူပီမြို့နယ်တွင် ၁၁ ဦး၊ မြင်းမူမြို့နယ်တွင် ရှစ်ဦး၊ ကလေးမြို့နယ်တွင် သုံးဦး၊ ဂန့်ဂေါမြို့နယ်တွင် ငါးဦး၊ ရေဦးမြို့နယ်တွင် ၃၂ ဦးနှင့် ရွာငံမြို့နယ်တွင် ကိုးဦးအသီးသီးဖြစ်ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်သည့် အစုလိုအပြုံလိုက်သတ်ဖြတ်မှုများတွင် ပြည်သူ ၁၇၀ဦးခန့် သတ်ဖြတ်ခံထားရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

အဆိုပါသတ်ဖြတ်မှုများကို ၂၀၂၁ ဇူလိုင် ၁၁ရက်မှ ယခုနှစ် မေလ၁၂ ရက်အထိဖြစ်ပြီး ကနီ၊ ဆားလင်းကြီး၊ မတူပီ၊ ဖရူဆို၊ မြင်းမူ၊ ရေဦး၊ ကလေး၊ ဂန့်ဂေါ၊ ရွာငံ စသည့်မြို့နယ်များတွင် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများတွင် ကနီမြို့နယ်တွင် ၅၅ ဦး၊ ဆားလင်းကြီးမြို့နယ်တွင် ၁၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၄၉ ဦး၊ မတူပီမြို့နယ်တွင် ၁၁ ဦး၊ မြင်းမူမြို့နယ်တွင် ရှစ်ဦး၊ ကလေးမြို့နယ်တွင် သုံးဦး၊ ဂန့်ဂေါမြို့နယ်တွင် ငါးဦး၊ ရေဦးမြို့နယ်တွင် ၃၂ ဦးနှင့် ရွာငံမြို့နယ်တွင် ကိုးဦးအသီးသီးဖြစ်ကြောင်း ဖော်ပြသည်။

“လက်နက်မဲ့ပြည်သူတွေကို တနေရာတည်း တချိန်တည်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့အခြေအနေတွေက ဆိုးရွားလွန်းလို့ သာမန်လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်တော့ပဲ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေထဲမှာ အကျုံးဝင်တာမို့ ကျူးလွန်သူတွေက ကြီးမားတဲ့ ပြစ်ဒဏ်တွေကို ကျခံကြရမှာပါ”ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဟု သတ်မှတ်ရာတွင် လက်နက်မဲ့သို့မဟုတ် ကာကွယ်မှုမဲ့နေသူများကို အမြောက်အများသတ်ဖြတ်ခြင်း၊ တနေရာတည်း သို့မဟုတ် ဒေသတစ်ခုအတွင်းတွင် ကျူးလွန်ခြင်း၊ တချိန်တည်း သို့မဟုတ် နေ့ရက်ကာလမကွာဘဲ ကျူးလွန်ခြင်း၊ ကျူးလွန်ခံရသူများသည် တဖွဲ့တည်း သို့မဟုတ် ဘက်တ ဖက်တည်းက ဖြစ်လေ့ရှိခြင်း၊ ကျူးလွန်ခံရသူများမှာ လူမျိုးတူ၊ ဘာသာတူ၊ အုပ်စုတူ၊ အခြေအနေတူများ ဖြစ်လေ့ရှိခြင်း၊ သတ်ဖြတ်ခံရသော ပုံစံများ၊ ဖျောက်ဖျက် ဖျက်ဆီး မြုပ်နှံထားမှုပုံစံနှင့် သတ်ဖြတ်ခဲ့သည့် ရည်ရွယ်ချက်များတူခြင်းတို့ ပါဝင်သည်။

လတ်တလောတွင် အာဏာရူးစစ်ကောင်စီက မြန်မာနိုင်ငံ ဒေသအချို့မှ အပြစ်မဲ့ဒေသခံပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သောစာရင်းများ ပေါ်ပေါက်လျက်ရှိရာ မရသေးသည့်စာရင်းအချို့လည်း ရှိနိုင်သောကြောင့် ပေးပို့အကြောင်းကြားပေးကြရန် NUG လူမှုရေးဝန်ကြီးက ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook