Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ခြောက်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်ဟုဆို

မေလ၈ ရက်ကလည်း MSPDF နှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့သေးသည်။

မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF)က ယနေ့ မေလ၂၅ရက် တွင် ထုတ်ပြန်သည်။

ယမန်နေ့(မေ ၂၄)နံနက်က အင်အား ၁၀၀ခန့်ဖြင့် မြောင်မြို့နယ် ဖွားစောရွာအား မီးရှို့ပြီးပြန်ထွက်လာသော စစ်ကောင်စီတပ်ကို လှေတင်ဦးနှင့် ကူးတို့ကုန်းရွာကြားအရောက် နံနက် ၁၀ နာရီခန့်တွင် ဒရုန်းဖြင့် အီးနာဂါဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

Public Service Announcement

ယင်းနောက် အဆိုပါစစ်ကြောင်းအား နေ့လယ် ၁၂ နာရီ ၄၅ ခန့်တွင် ကူးတို့ကုန်းနှင့် မြောင်မြို့ကြားတစ်နေရာတွင် ဒုတိယအကြိမ် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၄)(MSPDF)၊ ခြင်းခြံခရိုင် တပ်ရင်းများဖြစ်သော အမှတ် (၁)၊ အမှတ် (၂)နှင့် BGF တပ်၊ NRDF တပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

မေလ၈ ရက်ကလည်း MSPDF နှင့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook