Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းပွိုင့် ၁၃ ခုဖြင့်တိုက်ခိုက်၊ ​သေဆုံးမှုများဟုဆို

မယ်သဲကြိုးကွင်းရွာမှ ကင်မွန်းတော်ရွာသို့ ပြန်လာသော အကြမ်းဖက်အဖွဲ့ကို CHU PDF တပ်ခွဲ ၁ နှင့် မိုင်းတပ်ခွဲမှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းပွိုင့် ၁၃ ခုဖြင့် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃၆ ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၂၄ ရက်) နံနက်ပိုင်းက ပျူစောထီးအင်အားကောင်းရာ ကင်မွန်းတော်ရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စုစုပေါင်းအင်အား ၅၀ခန့်သည် မယ်သဲကြိုးကွင်းရွာသို့ ထွက်ခွာ၍ ပြည်သူ့နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများခိုးယူကာ ခိုအောင်းနေခဲ့ကြသည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင် ၅ဝခန့်သည် ချောင်းဦးမြို့၏ တောင်ဘက် အမြင့်လမ်းခွဲမှ အ​နောက်သို့ ရိက္ခာအပြည့်အစုံဖြင့် ဆင်းလာခဲ့သည်။

အဆိုပါ စစ်ကြောင်းကို CHU PDFတပ်ခွဲ(၂)၊ တပ်ခွဲ ၃ မှ ရဲဘော်များနှင့် CMWA မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းပွိုင့် ၁ တွင် ၃ ဦး၊ မိုင်းပွိုင့် ၂တွင် ၄ ဦး၊ မိုင်းပွိုင့်၃တွင် ထိခိုက်မှုမရှိဘဲ မိုင်းပွိုင့် ၄ တွင် ၂ဦး သေဆုံးခဲ့ကြကြောင်း ချောင်းဦး PDF က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

သေဆုံးအလောင်းများကို ထော်လာဂျီများဖြင့် မြို့တွင်းသို့ သယ်ဆောင်လာပြီးနောက် အဆိုပါစစ်ကြောင်းမှာ မယ်သဲကြိုးကွင်းရွာရှိ ပျူစစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းခဲ့သည်။

၎င်းစစ်ကြောင်းကို CHU PDF တပ်ခွဲ(၁)၊ CHU PDF မိုင်းတပ်ခွဲမှ ရဲဘော်များနှင့် CDF မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းပွိုင့် ၅ တွင် တစ်ဦး၊ မိုင်းပွိုင့် ၆တွင် ၁၅ ဦး၊မိုင်းပွိုင့်၇ တွင် ထိခိုက်မှုမရှိ၊ မိုင်းပွိုင့် ၈ တွင် ၄ ဦး၊ မိုင်းပွိုင့် ၉ တွင် ၂ ဦး၊ မိုင်းပွိုင့် ၁၀ တွင် ၂ ဦး သေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ပြောသည်။

အဆိုပါအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းအဖွဲ့မှ ၁၅ ဦးခန့်သည် မယ်သဲကြိုးကွင်းရွာမှ ခိုးယူထားသော ပစ္စည်းများအား သယ်ဆောင်၍ ကင်မွန်းတော်ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ကျန်အင်အားမှာ ချောင်းဦးမြို့တွင်းဝင်သွားခဲ့သည်။

မယ်သဲကြိုးကွင်းရွာမှ ကင်မွန်းတော်ရွာသို့ ပြန်လာသော အကြမ်းဖက်အဖွဲ့ကို CHU PDF တပ်ခွဲ ၁ နှင့် မိုင်းတပ်ခွဲမှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ပြောသည်။

ထိတွေ့မှုဖြစ်စဥ်များတွင် ချောင်းဦး ပကဖ၏ အနီးကပ်ဦးဆောင်မှုဖြင့် CHU PDF၊ CDF နှင့် CMWA အဖွဲ့များက မိုင်းပွိုင့် ၁၃ ခုမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မိုင်းပွိုင့် ၃ ခုတွင် ထိခိုက်မှုမရှိဘဲ ၁၀ ခုတွင် ထိခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၆ ဦးသေဆုံးကာ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

“ချောင်းဦးကထွက်လာတဲ့ စကစ စစ်ကြောင်းနဲ့ ကင်မွန်းတော်ကထွက်လာတဲ့ ပျူ + စကစ စစ်ကြောင်း အဲဒီစစ်ကြောင်း (၂) ခုပေါင်း အင်အား (၁၀၀) လောက်ရှိမယ်။သူတို့စစ်ကြောင်းနှစ်ခုက ပေါင်းသွားပြီးနောက် စလှုပ်ရှားတော့ မိုင်းဆွဲခံရတယ်။ ဆွဲခံရတော့ ဆွဲတဲ့ရဲဘော်တွေကိုလိုက်ပစ်ရင်း သတ်ကွင်းထဲဝင်လာတာ။ အဲဒီမှာ ကျွန်တော်တို့ရဲဘော်တွေက ပွိုင့်တွေကိုတာဝန်ခွဲယူပြီး မိုင်းဆွဲတိုက်ကြတာ။သူတို့မြို့ထဲပြန်ဝင်တော့ မြို့အစပ်ကအိမ်တစ်အိမ်ကိုဝင်ပြီးဖျက်ဆီးတယ်။

အဲဒီအိမ်က မိသားစုတွေကိုဖမ်းသွားတယ်လို့ကြားရတယ်။ ဖမ်းခံရတဲ့ထဲ အသက် ၅ နှစ်ကျော်ကျော်လောက်ကလေးတစ်ယောက်လည်းပါတယ်။ ကလေးကိုပါ လက်ပြန်ကြိုးတုပ်ပြီး ခြေလျင်ဖမ်းခေါ်သွားကြတယ်လို့ မြို့ခံလူထုဆီက သိရတယ်။”ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။

ချောင်းဦးမြို့နယ်တွင် ဒေသတွင်း PDF များသည် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရုံသာမက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့်ပါ မကြာခဏ တိုက်ခိုက်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook