Connect with us

Hi, what are you looking for?

သတင်း

ပရိသတ်တွေနဲ့တွေ့ဖို့ ရင်ခုန်နေတဲ့ ဒေါင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

ဇွန်-၅၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

“တွေ့ကြမယ်။ ရင်ခုန်နေပြီ” လို့ ဒေါင်းကသူ့ရဲ့ ပေ့ခ်ျမှာ ပွဲအပြင်အဆင်တွေနဲ့အတူ ဗီဒီယိုတင်ထားပါတယ်။

ဒီပွဲမှာ သူ့ပရိသတ်တွေနဲ့ သီးသန့်တွေ့ဆုံမှာဖြစ်ပြီး လက်မှတ် ၂၀၀ ရောင်းချသွားမယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ချစ်ခင်ရတဲ့ မိတ်ဆွေတွေခင်ဗျာ၊ လာမယ့်ပွဲက art work အပြင် ၅ နှစ်အကြာမှလုပ်ဖြစ်တဲ့ fan-meet ပွဲမို့ သပ်သပ်မဖိတ်ဖြစ်တော့တာပါနော်။ ကိုယ့်မိတ်ဆွေတွေကိုခေါ်ပြီး ပစ်ထားသလို ဖြစ်မှာစိုးလို့ပါ။ fan သီးသန့်ဖြစ်နေလို့ ကြိုတင်တောင်းပန်ထားတာပါ ခင်ဗျ။” လို့ ဒေါင်းရဲ့ အကောင့်ကနေ မေ ၂၇ ရက်ကအသိပေးထားပါတယ်။

ပွဲလက်မှတ်တွေကို မေ ၃၀ ရက်ကစတင်ပြီး ဒီပွဲကိုစီစဉ်တဲ့ Lucid Dreams ပေ့ခ်ျကနေရောင်းချပေးခဲ့တာပါ။

တွေ့ဆုံပွဲကို သီးသန့်ဆန်ဆန်ပြုလုပ်မှာဖြစ်ပြီး ပွဲလုပ်မယ့်နေရာကိုတောင် တရားဝင်ကြေညာထားတာမရှိပါဘူး။

ဒီပွဲမှာ ဒေါင်းကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသသွားမှာဖြစ်ပြီး လာရောက်တဲ့ ပရိသတ်တွေကို မဲဖောက်ဖို့ရှိတယ်လို့ ပြောထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေါင်းက သူထွက်ရှိထားတဲ့ တစ်ကိုယ်တော်ခွေထဲက သီချင်းတွေနဲ့ သီချင်းသစ်တွေလည်း သီဆိုသွားမှာဖြစ်ပြီး တော်လှန်ရေးအစကာလကတည်းက သူနဲ့အတူ ရှိခဲ့တဲ့ ဂစ်တာလေးကိုလည်း လေလံပစ်ပေးသွားမယ်လို့ ပြောထားပါတယ်။

“အားလုံး အဆင်သင့်ဖြစ်နေကြပြီလား ။

Admin တို့ကတော့ မနက်ဖြန်ပွဲအတွက် ပြင်ဆင်နေတာလေးတွေ အနည်းငယ်ကြွားချင်စိတ်ဖြစ်ပွါး။” လို့ Lucid Dreams ရဲ့ပေ့ခ်ျမှာ ဒီနေ့(ဇွန် ၅) ည ပုံတွေတင်ထားပါတယ်။

ပွဲကိုလာရောက်ရင်းလက်မှတ်ဝယ်ယူလိုသူတွေအတွက် လက်မှတ်ရောင်းချပေးဖို့ရှိပြီး လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ Lucid Dreams မှာကြိုတင်စာရင်းပေးထားဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။