Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့နယ်ရှိ Non-CDM များက CDM ပြု လုပ်လျင် လက်ခံပေးရန် တောင်းဆိုလာ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဖယ်ခုံမြို့နယ်ဌာနအသီးသီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်ရှိသည်။

●CDMဝင်လိုလျင်ဇွန်လကုန်နောက်ဆုံးထားဝင်ရောက်နိုင်

ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များက CDM ပြုလုပ်လျင် လက်ခံပေးရန် တောင်းဆိုသူများပြားလာကြောင်း ဖယ်ခုံမြို့နယ်(ပအဖ)၊ PDF တပ်ရင်းများနှင့် မြို့နယ်ပညာရေးဘုတ် အဖွဲ့က ယနေ့ (မေ ၂၅)တွင် ပူးတွဲထုတ်ပြန် သည်။

ထို့ကြောင့် Non-CDM ဝန်ထမ်းများအနေဖြင့်CDMပြုလုပ်လိုပါက သတ်မှတ်ဖောင်ပုံစံတွင် လက်ရေးဖြင့် အချက်အလက်ဖြည့်သွင်း၍ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ပေ့ချ်မက်ဆင်ဂျာသို့ ဇွန်လကုန်နောက်ဆုံးထားပေးပို့ရန် အသိပေးသည်။

စစ်ကောင်စီလက်အောက်ခံ Non-CDM များအား CDM ပြုလုပ်ပါကလက်ခံမခံကို ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ဖယ်ခုံပြည်သူ့ကာကွယ် ရေးတပ်ရင်း (၁၀၀၂)၊ ဖယ်ခုံပြည်သူ့ကာကွယ် ရေးတပ်ရင်း (၁၀၀၆)နှင့် မိုးဗြဲပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ (၁၀၀၁)များမှ ညှိနှိုင်းကာ လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းဆုံးဖြတ်ချက်အရ CDM လျှောက်လွှာအား စီစဥ်ထားပြီး ထိုလျှောက်လွှာပုံစံတွင် CDM ပါ ဝင်လိုကြောင်းအဆိုပြုလွှာဟူသောခေါင်းစဥ်အောက်တွင် အမည်၊ မှတ်ပုံတင်အမှတ်၊ ရာထူး၊ဌာနနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်ဖြည့်သွင်း ၍ ကာယကံရှင်ကိုယ်တိုင် လက်မှတ်ထိုးလျှောက်ထားရန် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဖယ်ခုံမြို့နယ်ဌာနအသီးသီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။