Connect with us

Hi, what are you looking for?

သတင်း

ကျေးရွာများသို့ကွင်းဆင်းပြီး ပျူ၊ ဒလန်၊ သတင်းပေး မွေးနေသည့် စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများ ရပ်တန်းကရပ်ကြရန် မုံရွာအခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး

မီးရှို့ခြင်း၊ မတရားသတ်ဖြတ်ခြင်းခံနေရသည့် ပြည်သူ့ဘက်မရပ်တည်ဘဲ ပျူ၊ ဒလန်၊ စကစသတင်းပေး မွေးမြူနေသည့်လုပ်ငန်းများကို ရပ်တန်းကရပ်ကြရန် သတိပေးလိုက်ကြောင်း မြို့ပြပြောက်ကျား အဖွဲ့များက ပြောသည်။

(ပြီးခဲ့သည့် ၂၀၂၁ ဇွန်လအတွင်းက မုံရွာမြို့နယ်အတွင်း နယ်မြေဆင်းနေသည့် စစ်ကောင်စီ၏ ဝန်ထမ်းအချို့အား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကျေးရွာများသို့ ကွင်းဆင်းပြီး ပျူ၊ ဒလန်၊ သတင်းပေး မွေးနေသည့် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ဝန်ထမ်းများအား ၎င်းတို့လုပ်ရပ် ရပ်တန်းကရပ်ကြရန် မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များက သတိပေးလိုက်သည်။

စစ်ကောင်စီ၏ လက်ပါးစေများဖြစ်ကြသော စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှုး ဦးဝင်းလှိုင်ဦးအပါအဝင် စကစ ထောက်တိုင်များဖြစ်သော ဌာနအသီးသီးရှိ ဝန်ထမ်းအဆင့်ဆင့်သည် မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ဒေသတွင်းဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဟု အကြောင်းပြပြီး ပျူ၊ ဒလန်၊ စကစသတင်းပေး မွေးမြူခြင်းများ လုပ်ဆောင်လာသည်ကို သိရှိရကြောင်း မြို့ပြပြောက်ကျား အဖွဲ့များက ပြောသည်။

အဆိုပါ အယောင်ပြနယ်မြေဆင်းလုပ်ငန်းများ လုပ် ဆောင်နိုင်ရန် အဓိက ကမကထပြုလုပ်နေသော စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့် ဌာနအသီးသီးရှိ ဝန်ထမ်းများစာရင်း နေရပ်တို့ကိုလည်း အတိအကျသိရှိထားပြီးဖြစ်ကြောင်း မြို့ပြပြောက်ကျား အဖွဲ့များက ပြောသည်။

မုံရွာအခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့များဖြစ်သော Monywa Nightking၊ M.A.C.T ထောက်ပို့တပ်၊ Black Tiger Monywa PDF တို့က သတိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မီးရှို့ခြင်း၊ မတရားသတ်ဖြတ်ခြင်းခံနေရသည့် ပြည်သူ့ဘက်မရပ်တည်ဘဲ ပျူ၊ ဒလန်၊ စကစသတင်းပေး မွေးမြူနေသည့်လုပ်ငန်းများကို ရပ်တန်းကရပ်ကြရန် သတိပေးလိုက်ကြောင်း မြို့ပြပြောက်ကျား အဖွဲ့များက ပြောသည်။

“သတိပေးရတဲ့အဓိကအကြောင်းရင်းကတော့ဒလန်လုပ်သတင်းပေးကူညီနေလို့ပါ။”ဟု Monywa Nightking အဖွဲ့က ပြောသည်။

တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့် ဌာနအသီးသီးရှိ စစ်ကောင်စီထောက်တိုင် ဝန်ထမ်းများအနေဖြင့် သတိပေးထားမှုကို မလိုက်နာဘဲ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်သားများနှင့်အတူ သွားရောက်ခြင်း၊ ကိုယ်တိုင်သွားရောက်ခြင်းများ ပြုလုပ်ပါက မဟာမိတ် UGများက စစ်ဆင်ရေးလုပ်သင့်လုပ်ထိုက်သည်များ(မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ) လုပ်ဆောင်သွားမည်ဟု မြို့ပြပြောက်ကျား အဖွဲ့များက သတိပေးသည်။

ယမန်နေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက မုံရွာမြို့နယ်၊ ကျောက္ကာတောင်ကျေးရွာတွင် ကလေးများကျောင်းအပ်ရန် တစ်အိမ်တက်ဆင်းလိုက်ပြောနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသေးသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်ကလည်း DRPA မြို့ပြပြောက်ကျားရဲဘော်များနှင့် ညီနောင်မဟာမိတ် M.A.C.T ထောက်ပို့တပ်တို့ ပူးပေါင်း၍ မုံရွာမြို့ရှိ ပြည်ထောင်စုလမ်း ကားလေးကွင်းတောင်ဘက်ရှိ စစ်​ကောင်စီထောက်တိုင် ဒလံတစ်ဦးနေအိမ်အားလည်းကောင်း၊ ထန်းတောကျွန်းဆွယ်ရပ်ရှိ ထောက်လှမ်းရေပြုတ် ဒလံတစ်ဦးနေအိမ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုအား လည်းကောင်း လက်ပစ်ဗုံးတစ်လုံးစီဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။