Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ကနေပြန်ဆုတ်လာတဲ့ BGF တွေ စစ်ကောင်စီတပ်တွေနဲ့အတူ သေဘောဘိုးစခန်းကို ပြန်သိမ်းနိုင်ဖို့ ပြင်နေ

BGF တပ်နယ်(၃) နဲ့အတူ ဗိုလ်မှူးမို့သိုဦးဆောင်တဲ့ BGF တပ်နယ်(၄)တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်နေတယ်လို့ကြားသိရပြီး သေဘောဘိုးစခန်းပြန်လည်သိမ်းပိုက်မယ့်စစ်ဆင်ရေးမှာ လမ်းကင်းလုံခြုံရေးအဖြစ် ဒါမှမဟုတ် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ အဆိုပါ BGF နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

မူတြော်(ဖာပွန်)ခရိုင်ထဲကနေ ပြန်ဆုတ်ခွာလာခဲ့တဲ့ BGF တပ်နယ်(၃) တပ်ဖွဲ့တွေဟာ ကေအဲန်ယူက သိမ်းပိုက်ထားတဲ့ သေဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့အတူ တပ်မဟာ ၆ နယ်မြေထဲကို ရောက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

မြ၀တီမြို့နယ် ရွှေကုက္ကိုဒေသအခြေစိုက် နယ်ခြားစောင့်တပ်(BGF) တပ်နယ် ၃ လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်က ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ ၅ ဒေသကနေ ပြန်လည်ရုတ်သိမ်းဆုတ်ခွာလာခဲ့တာပါ။

တပ်မဟာ ၅ ဒေသကနေ BGF တပ်တွေ ပြန်လည်ရုတ်သိမ်းလာတာဟာ ကရင်လူမျိုးအချင်းချင်း ပြန်ပြီးမတိုက်ခိုက်ချင်တာဖြစ်လို့ ရုတ်သိမ်းရတာဖြစ်ကြောင်း ရှေ့တန်းပြန် BGF တပ်နယ်(၃)တပ်ဖွဲ့ဝင်တွေကို ကြိုဆိုတဲ့ပွဲမှာ BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူက ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ သေဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်လာမှုတွေ ရှိနေတာဖြစ်ပါတယ်။

သေဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်ဖို့အတွက်ဆိုပြီး BGF တပ်နယ်(၃) လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ အမှတ်(၁၀၁၉)၊ အမှတ်(၁၀၁၈)စတဲ့ တပ်ရင်းတွေဟာ သေဘောဘိုးဒေသဘက်ကို အခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီး လက်ရှိမှာတော့ ဖလူးဒေသမှာ ဝင်ရောက်လှုပ်ရှားလာနေပြီဖြစ်တယ်လို့BGF နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

BGF တပ်နယ်(၃) နဲ့အတူ ဗိုလ်မှူးမို့သိုဦးဆောင်တဲ့ BGF တပ်နယ်(၄)တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်နေတယ်လို့ကြားသိရပြီး သေဘောဘိုးစခန်းပြန်လည်သိမ်းပိုက်မယ့်စစ်ဆင်ရေးမှာ လမ်းကင်းလုံခြုံရေးအဖြစ် ဒါမှမဟုတ် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ အဆိုပါ BGF နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က KNLA KNDO ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများပြားခဲ့သလို လက်နက်ခဲ့ယမ်းတွေလည်း အများအပြားသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကနေ BGF တပ်နယ်(၃)လက်အောက်ခံတပ်တွေ ပြန်လည်ဆုတ်ခွာလာတာဟာ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲကို စစ်ဆင်ရေးပြန်လည်ဝင်ရာက်လှုပ်ရှားရမှာဖြစ်တယ်လို့ တပ်မဟာ ၅ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးစောဂီနွီးက ပြောကြားထားပါတယ်။

BGF တပ်နယ်(၃) တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အပတ်က ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်က စစ်ကောင်စီရဲ့ လေးကေစခန်းဘက်ကို စစ်ကူသွားရောက်လုပ်ဆောင်တာတွေရှိနေပြီး လတ်တလောမှာတော့ လေးကေဒေသဘက်မှာ BGF တပ်နယ်(၁)လက်အောက်ခံတပ်ဖြစ်တဲ့ အမှတ်(၁၀၁၄)တပ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လည်ဆုတ်ခွာလာပြီဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။