Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ကနေပြန်ဆုတ်လာတဲ့ BGF တွေ စစ်ကောင်စီတပ်တွေနဲ့အတူ သေဘောဘိုးစခန်းကို ပြန်သိမ်းနိုင်ဖို့ ပြင်နေ

BGF တပ်နယ်(၃) နဲ့အတူ ဗိုလ်မှူးမို့သိုဦးဆောင်တဲ့ BGF တပ်နယ်(၄)တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်နေတယ်လို့ကြားသိရပြီး သေဘောဘိုးစခန်းပြန်လည်သိမ်းပိုက်မယ့်စစ်ဆင်ရေးမှာ လမ်းကင်းလုံခြုံရေးအဖြစ် ဒါမှမဟုတ် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ အဆိုပါ BGF နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

မူတြော်(ဖာပွန်)ခရိုင်ထဲကနေ ပြန်ဆုတ်ခွာလာခဲ့တဲ့ BGF တပ်နယ်(၃) တပ်ဖွဲ့တွေဟာ ကေအဲန်ယူက သိမ်းပိုက်ထားတဲ့ သေဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့အတူ တပ်မဟာ ၆ နယ်မြေထဲကို ရောက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

မြ၀တီမြို့နယ် ရွှေကုက္ကိုဒေသအခြေစိုက် နယ်ခြားစောင့်တပ်(BGF) တပ်နယ် ၃ လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်က ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ ၅ ဒေသကနေ ပြန်လည်ရုတ်သိမ်းဆုတ်ခွာလာခဲ့တာပါ။

တပ်မဟာ ၅ ဒေသကနေ BGF တပ်တွေ ပြန်လည်ရုတ်သိမ်းလာတာဟာ ကရင်လူမျိုးအချင်းချင်း ပြန်ပြီးမတိုက်ခိုက်ချင်တာဖြစ်လို့ ရုတ်သိမ်းရတာဖြစ်ကြောင်း ရှေ့တန်းပြန် BGF တပ်နယ်(၃)တပ်ဖွဲ့ဝင်တွေကို ကြိုဆိုတဲ့ပွဲမှာ BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူက ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ သေဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်လာမှုတွေ ရှိနေတာဖြစ်ပါတယ်။

သေဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်ဖို့အတွက်ဆိုပြီး BGF တပ်နယ်(၃) လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ အမှတ်(၁၀၁၉)၊ အမှတ်(၁၀၁၈)စတဲ့ တပ်ရင်းတွေဟာ သေဘောဘိုးဒေသဘက်ကို အခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီး လက်ရှိမှာတော့ ဖလူးဒေသမှာ ဝင်ရောက်လှုပ်ရှားလာနေပြီဖြစ်တယ်လို့BGF နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

BGF တပ်နယ်(၃) နဲ့အတူ ဗိုလ်မှူးမို့သိုဦးဆောင်တဲ့ BGF တပ်နယ်(၄)တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်နေတယ်လို့ကြားသိရပြီး သေဘောဘိုးစခန်းပြန်လည်သိမ်းပိုက်မယ့်စစ်ဆင်ရေးမှာ လမ်းကင်းလုံခြုံရေးအဖြစ် ဒါမှမဟုတ် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ အဆိုပါ BGF နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က KNLA KNDO ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများပြားခဲ့သလို လက်နက်ခဲ့ယမ်းတွေလည်း အများအပြားသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကနေ BGF တပ်နယ်(၃)လက်အောက်ခံတပ်တွေ ပြန်လည်ဆုတ်ခွာလာတာဟာ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲကို စစ်ဆင်ရေးပြန်လည်ဝင်ရာက်လှုပ်ရှားရမှာဖြစ်တယ်လို့ တပ်မဟာ ၅ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးစောဂီနွီးက ပြောကြားထားပါတယ်။

BGF တပ်နယ်(၃) တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အပတ်က ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်က စစ်ကောင်စီရဲ့ လေးကေစခန်းဘက်ကို စစ်ကူသွားရောက်လုပ်ဆောင်တာတွေရှိနေပြီး လတ်တလောမှာတော့ လေးကေဒေသဘက်မှာ BGF တပ်နယ်(၁)လက်အောက်ခံတပ်ဖြစ်တဲ့ အမှတ်(၁၀၁၄)တပ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လည်ဆုတ်ခွာလာပြီဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook