Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

Yangon Petrol နှင့် PT Power စက်သုံးဆီဆိုင်လုပ်ငန်းရှင်ကို စစ်​ကောင်စီကအဂတိမှုဖြင့်အမှုဖွင့်ဖမ်းဆီး

အကြမ်းဖက်စစ်ကောင်စီက အရပ်သားအစိုးရလက်ထက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို ဖက်စပ်ကုမ္ပဏီဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင်နစ်
နာမှုများရှိသည်ဟု အကြောင်းပြချက်ဖြင့် အဂတိမှုအဖြင့် တရားစွဲဆိုရာတွင် ဦးဇင်မင်းအောင်ကိုပါတရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(Yangon Petrol စက်သုံးဆီဆိုင်တစ်ဆိုင်)

●အရပ်သားအစိုးရလက်ထက်ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်အများစုကိုပါ အဂတိမှုဖြင့်အမှုဖွင့်ပြီး ဦးဖြိုးမင်းသိန်းကိုမူထပ်မံအမှုမဖွင့်​​ပေ

စက်သုံးဆီလုပ်ပါအဝင် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဇင်မင်းအောင်ကို စစ်​ကောင်စီက အဂတိအမှုဖြင့်အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း မေ ၂၆ ရက်က ထုတ်ပြန်ကြေညာသည်။

ဦးဇင်မင်းအောင်သည် Yangon Petrol နှင့် PT power စက်သုံးဆီအရောင်းဆိုင်များတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

“အဖမ်းခံရတာ ဟုတ်ပါတယ်”ဟု ဦးဇင်မင်းအောင်နှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက အရပ်သားအစိုးရလက်ထက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များကို ဖက်စပ်ကုမ္ပဏီဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင်နစ်
နာမှုများရှိသည်ဟု အကြောင်းပြချက်ဖြင့် အဂတိမှုအဖြင့် တရားစွဲဆိုရာတွင် ဦးဇင်မင်းအောင်ကိုပါတရားစွဲဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် အဂတိကော်မရှင်က အရပ်သားအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့ကို အဂတိအမှုဖြင့် အရေးယူလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

သို့​သော် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုမူအထက်ပါအမှုအတွကိထပ်မံတရားစွဲဆို​ခြင်းမရှိ​ပေ။ဦး​ဖြိုးမင်းသိန်း တို့ဇနီး​မောင်နှံသည် ​ဒေါ်​အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်​ကောင်စီက အဂတမှုဖြင့်တရားစွဲဆိုရာတွင်သက်​သေအဖြစ်ထွက်ချက်​ပေး​နေသူလည်းဖြစ်သည်။

ဦးဇင်မင်းအောင်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရသည့် တတိယမြောက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၎င်းရှေ့တွင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် Denkoစက်သုံးဆီကုမ္ပဏီ၊ MABဘဏ်နှင့်ဧဒင်ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ထိပ်တန်းစီးပွား​ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်​သောဦးချစ်ခိုင်တိုကို စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Yangon Petrol ကုမ္ပဏီကို ဦးဇင်မင်းအောင် အပါအဝင် ဒါရိုက်တာ ၆ ဦးဖြင့် ၂၀၁၇တွင်ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်းရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွန့်ကြားမှုဦးစီးဌာ၏ စာရင်းများတွင်ဖော်ပြထားသည်။ထို ရှယ်ယာရှင်များသည်လည်း PT power၏ရှယ်ယာရှင်များနှင့်အတူတူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။