Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီကားကို ​ရေစကြို PDF တိုက်ခိုက်

စစ်ကားမှာ လမ်း‌ဘေးထိုးကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေစကြို PDF

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-မန္တလေး လမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း ​ရေစကြို PDFက သတင်းထုတ်ပြန်သည်။

ယနေ့(မေလ ၂၈ရက်) နံနက် ၉နာရီခွဲ ခန့်က ရေစကြိုမြို့နယ်၊ ပခုက္ကူ-မန္တလေးလမ်း၊ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြားရှိ လယ်ကြီးတံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်တစ်စီးကို မိုင်း(၂)လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ​ရေစကြို PDFက ပြောသည်။

စစ်ကားမှာ လမ်း‌ဘေးထိုးကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

အကြမ်းဖက်စစ်သား သေဆုံးထိခိုက်မှုနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။Yesagyo PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီးနားသို့ ကပ်မလိုက်ရန် Y​ရေစကြို PDF က သတိပေးသည်။

မေလ ၂၄ ရက်နေ့က ရေစကြိုမြို့နယ်နှင့် မြိုင်နယ်အစပ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားရာ ​ရေစကြို PDF အဖွဲ့မှ အသက် ၂၀ အရွယ် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။