Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီကားကို ​ရေစကြို PDF တိုက်ခိုက်

စစ်ကားမှာ လမ်း‌ဘေးထိုးကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေစကြို PDF

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-မန္တလေး လမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း ​ရေစကြို PDFက သတင်းထုတ်ပြန်သည်။

ယနေ့(မေလ ၂၈ရက်) နံနက် ၉နာရီခွဲ ခန့်က ရေစကြိုမြို့နယ်၊ ပခုက္ကူ-မန္တလေးလမ်း၊ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြားရှိ လယ်ကြီးတံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်တစ်စီးကို မိုင်း(၂)လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ​ရေစကြို PDFက ပြောသည်။

စစ်ကားမှာ လမ်း‌ဘေးထိုးကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

အကြမ်းဖက်စစ်သား သေဆုံးထိခိုက်မှုနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။Yesagyo PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီးနားသို့ ကပ်မလိုက်ရန် Y​ရေစကြို PDF က သတိပေးသည်။

မေလ ၂၄ ရက်နေ့က ရေစကြိုမြို့နယ်နှင့် မြိုင်နယ်အစပ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားရာ ​ရေစကြို PDF အဖွဲ့မှ အသက် ၂၀ အရွယ် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ