Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို CDF(ထန်တလန်)နှင့် CNAတို့ ဝင်ရောက်တိုက်ခိုက်​

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို ​မေလ ၂၃ ရက်အထိ မီးရှို့ခဲ့သည်မှာ ၂၈ ကြိမ်ရှိပြီး စုစုပေါင်း ​နေအိမ်​ပေါင်း ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

(စစ်ကောင်စီတပ်က ထန်တလန်မြို့၊ အမှတ် (၁) ရပ်ကွက်ကို မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Chinland Defense Force-Thantlang)

စစ်ကောင်စီတပ်သား ၆ ဦးသေဟုဆို

ချင်းပြည်နယ် ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို CDF(ထန်တလန်)နှင့် ချင်းအမျိုးသားတပ်(CNA)တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု CDF(ထန်တလန်)က ထုတ်ပြန်သည်။

ယမန့်နေ့ (မေ ၂၇ ရက်)က ထန်တလန်မြို့တွင်း၌ ညနေ ၅နာရီမှ ၉နာရီအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF(ထန်တလန်)ကဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း CDF(ထန်တလန်)တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်သည်သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်တွေက အိမ်ကို မီးရှို့နေတာ၊ အခုလည်း သူတို့ အထိနာရင် အိမ်တွေကို မီးရှို့မှာ စိုးရိမ်နေကြတာ”ဟု စစ်ဘေးရှောင်နေသည့် ထန်တလန်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

ထိုအတူ မေလ ၂၃ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ထန်တလန်မြို့တွင်းတိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က ထန်တလန်မြို့၊ အမှတ် (၁) ရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို ​မေလ ၂၃ ရက်အထိ မီးရှို့ခဲ့သည်မှာ ၂၈ ကြိမ်ရှိပြီး စုစုပေါင်း ​နေအိမ်​ပေါင်း ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ခဲ့ခြင်းကြောင့် မြို့ခံပြည်သူ တစ်သောင်းကျော်သည် နီးစပ်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများနှင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။