Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းမှာ သွေးသောက်အဖွဲ့အမည်ခံသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာ

မန္တလေးတိုင်းအတွင်းသွေးသောက်အဖွဲ့အမည်ခံပြီးသတ်ဖြတ်ခံရသူတွေဟာ မန္တလေးခရိုင် မြို့နယ်တွေမှာနေထိုင်ကြသူတွေနဲ့ ကျောက်ဆည် ၊စဉ့်ကူးမြို့နယ်တွေမှာနေထိုင်ကြသူတွေလည်းပါဝင်ကြပါတယ်။

သွေးသောက်အဖွဲ့
သွေးသောက်အဖွဲ့

မန္တလေးတိုင်းအတွင်းသွေးသောက်အဖွဲ့အမည်ခံ သတ်ဖြတ်မှုတွေကြောင့် တစ်လတာကာလအတွင်းသေဆုံးရတဲ့ ပြည်သူဟာ ၁၀ ဦးထက်မနည်းရှိလာပါပြီ။

သတ်ဖြတ်မှုတွေဟာ ဧပြီလ နောက်ဆုံးရက်သတ္တပတ်ကနေစတင်ခဲ့ပြီး နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုဟာ မေလ ၂၆ ရက်ကဖြစ်ပါတယ်။

မေလ ၂၆ ရက်ကဖြစ်စဉ်ကတော့ မဟာအောင်မြေမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ခန့်အမျိုးသားကို ထောက်ပို့ လုပ်တယ်ဆိုပြီး လူတစ်စုက လာရောက်ဖမ်းဆီးသွားတာပါ။ နေအိမ်မှာလာရောက်ဖမ်းဆီးချိန်သွေးသောက်အဖွဲ့လို့အော်ဟစ်သွားတာရှိတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သွေးသောက်အဖွဲ့
သွေးသောက်အဖွဲ့

နောက်နေ့မနက်မှာတော့ မျက်နှာကို ပုဆိုးနဲ့ စည်းထားပြီး နဖူး ကိုသေနတ်နဲ့တေ့ပစ်ထားတဲ့ဒဏ်ရာနဲ့သေဆုံးနေတဲ့အလောင်းကို ချမ်းအေးသာစံမြို့နယ်မှာလာရောက်စွန့်ပစ်သွားခဲ့ပါတယ်။ ဒါဟာ မန္တလေးမှာ သွေးသောက်အဖွဲ့အမည်ခံပြီး နောက်ဆုံးသတ်ဖြတ်ထားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်းအတွင်းသွေးသောက်အဖွဲ့အမည်ခံပြီးသတ်ဖြတ်ခံရသူတွေဟာ မန္တလေးခရိုင် မြို့နယ်တွေမှာနေထိုင်ကြသူတွေနဲ့ ကျောက်ဆည် ၊စဉ့်ကူးမြို့နယ်တွေမှာနေထိုင်ကြသူတွေလည်းပါဝင်ကြပါတယ်။

သွေးသောက်အဖွဲ့ကို ဖွဲ့စည်းကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်က လူမှုကွန်ရက်ဖေ့ဘွတ်ခ်ကနေ စတင်ကြေညာလာပြီး မန္တလေးမှာ NLD ပါတီဝန်းရံသူ လင်မယားကို ဖမ်းဆီးသတ်ဖြတ်ရာကနေ စတင်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူအများစုဟာ NLD ပါတီဝင်တွေ ၊ ပါတီကို ဝန်းရံထောက်ခံအားပေးသူတွေအပြင် PDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သတ်ခံရသူတွေလည်းရှိလာပါတယ်။ သတ်ခံရသူတွေထဲ အမျိုးသမီးတွေလည်းပါဝင်ကြပါတယ်။

မန္တလေးမြို့ခံတွေကတော့ သွေးသောက်အဖွဲ့ဆိုပြီးအမည်ခံထားတဲ့လူသတ်အဖွဲ့ဟာ သတ်ဖြတ်လိုသူကိုအလွယ်တကူဝင်ရောက်ဖမ်းဆီးပြီးသတ်ဖြတ်တဲ့အပြင် ဖမ်းဆီးခံရတာမရှိတဲ့အတွက် စစ်ကောင်စီနဲ့ဆက်နွယ်မှုရှိတယ်လို့ ယုံကြည်နေကြပါတယ်။

NLD ပါတီက မေလ ၁၀ ရက်ထုတ်ပြန်တဲ့ကြေညာချက်မှာဆိုရင် ဒီလိုဖမ်းဆီးမှုတွေမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကားတွေကိုအသုံးပြုတာသိရတယ်လို့ ဖော်ပြထားပြီး သတ်ဖြတ်မှုတွေဟာ စစ်ကောင်စီနဲ့ဆက်နွယ်မှုရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ သွေးသောက်အဖွဲ့အပြင် စွန်ရဲ ၊ မျိုးချစ်ညွှန့်ပေါင်း ၊မျိုးချစ်မဟာမိတ်ဆိုတဲ့နာမည်မျိုးစုံနဲ့ လှုပ်ရှားနေတာတွေရှိနေပေမယ့် ဒီလိုသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးတဲ့သတင်း ၊ဖမ်းမိတဲ့သတင်းကို စစ်ကောင်စီဝါဒဖြန့်မီဒီယာက ဖော်ပြတာမျိုးမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook