Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် PDF၏ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်းဆင်းပွဲပြုလုပ်

ယခုကဲ့သို့ တိုက်ခိုက်ရေးအထူးကွန်မန်ဒိုများ ဖွဲ့စည်းခြင်းသည် အာဏာသိမ်းစစ်တပ်၏ နောက်ဆုံးခံတပ်ဖြစ်သော နေပြည်တော်ကို အမြစ်ဖြတ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဟု အသိပေးသည်။

နေပြည်တော် PDF
နေပြည်တော် PDF

နေပြည်တော် PDF၏ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို ယနေ့ (မေ ၂၉ ရက်)တွင်ပြုလုပ်ခဲ့ကြောင်း နေပြည်တော် PDF တာဝန်ခံဗိုလ်ငွေစိုးက People’s Springသို့ ပြောသည်။

“အခု ဒီနေ့က နေပြည်တော် စစ်ဒေသခွဲရဲ့ နေပြည်တော် PDF လက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးအထူးကွန်မန်ဒို သင်တန်း အပတ်စဥ် (၂)ပါ။ပြီးခဲ့တဲ့ မေ ၁ရက်က အပတ်စဥ် (၁) ဆင်းခဲ့တယ်။ ။တစ်လအကြာမှာ အပတ်စဥ် (၂) ကိုထပ်ပြီး အောင်မြင်စွာ ထပ်ဆင်းနိုင်ခဲ့တာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ တိုက်ခိုက်ရေးအထူးကွန်မန်ဒိုများ ဖွဲ့စည်းခြင်းသည် အာဏာသိမ်းစစ်တပ်၏ နောက်ဆုံးခံတပ်ဖြစ်သော နေပြည်တော်ကို အမြစ်ဖြတ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဟု အသိပေးသည်။

“အခုဆို ပြည်သူ့ခုခံတော်လှန်စစ်က မကြာခင်မှာ တစ်နှစ် ပြည့်တော့မယ်။စစ်ရှိန်ကလည်း မြှင့်လာတာနဲ့ တစ်ပြိုင်တည်းကျွန်တော်တို့ နေပြည် တော် စစ်ဒေသခွဲ နေပြည်တော် PDF ညီနောင် မဟာမိတ်အားလုံးဟာ အာဏာသိမ်း စစ်တပ်ရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့ နေပြည်တော်ကို ချေမှုန်း နိုင်ဖို့ အနီးကပ်ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်ငွေစိုးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။