Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် လှိုင်သာယာ နှင့်ရွှေပြည်သာမြို့နယ်တို့တွင်ပြုလုပ်ရာ စစ်ကောင်စီ ဘက်မှ နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။

"နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး"
"နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး"

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် လှိုင်သာယာ နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ
စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေ ၂၉ ရက်)ရက် နံနက် ၅ နာရီခွဲခန့်ကလှိုင်သာယာမြို့နယ်၊ ကစင်၊ တောင်ငူလမ်းအနီးရှိ စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်သော MyTel တာဝါတိုင်အား မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့မှ နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ စီးပွားရေးပစ်မှတ်တစ်ခုအဖြစ် မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုသို့ လာရောက်စစ်ဆေးသော လုံခြုံရေးအဖွဲ့ဝင်များအား ရှေ့ထွက်မိုင်း၂လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုစာရင်းကို အတိအကျမရသေးဘဲ စုံစမ်းနေဆဲဟု ဆိုသည်။

အလားတူ ယမန်နေ့(မေ ၂၈ ရက်)က နေ့လယ် ၁၂ နာရီခွဲခန့်က ရွှေပြည်သာမြို့ နယ် ဏ/၁၄ အုပ်ချုပ်​ရေးမှူးရုံးသို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုသည်လည်း “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး” ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနေသည့် စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

အဆိုပါ ဖောက်ခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုများသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ် ရက် စက်ကြမ်းကြုပ်မှုများ ရပ်တန့်ရန်၊ အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ အဆွယ်အပွားများအကျိုး စီးပွားဖြစ်ထွန်းနေမှုကို ဟန့်တားရန်နှင့် အကြမ်း ဖက်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရန် ရည်ရွယ်သည် နန်းထိုက်အောင်စစ်ဆင်ရေး တာဝန်ခံက ပြောသည်။

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။

လက်ရှိတွင်”နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”မှာ ရန်ကုန်မြို့တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်း၌ပါ ဆောင်ရွက်ထားသည်။

ထို့အပြင် စစ်ဆင်ရေးတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။