Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် လှိုင်သာယာ နှင့်ရွှေပြည်သာမြို့နယ်တို့တွင်ပြုလုပ်ရာ စစ်ကောင်စီ ဘက်မှ နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။

"နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး"
"နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး"

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် လှိုင်သာယာ နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ
စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေ ၂၉ ရက်)ရက် နံနက် ၅ နာရီခွဲခန့်ကလှိုင်သာယာမြို့နယ်၊ ကစင်၊ တောင်ငူလမ်းအနီးရှိ စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်သော MyTel တာဝါတိုင်အား မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့မှ နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ စီးပွားရေးပစ်မှတ်တစ်ခုအဖြစ် မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုသို့ လာရောက်စစ်ဆေးသော လုံခြုံရေးအဖွဲ့ဝင်များအား ရှေ့ထွက်မိုင်း၂လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုစာရင်းကို အတိအကျမရသေးဘဲ စုံစမ်းနေဆဲဟု ဆိုသည်။

အလားတူ ယမန်နေ့(မေ ၂၈ ရက်)က နေ့လယ် ၁၂ နာရီခွဲခန့်က ရွှေပြည်သာမြို့ နယ် ဏ/၁၄ အုပ်ချုပ်​ရေးမှူးရုံးသို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုသည်လည်း “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး” ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနေသည့် စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

အဆိုပါ ဖောက်ခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုများသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ် ရက် စက်ကြမ်းကြုပ်မှုများ ရပ်တန့်ရန်၊ အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ အဆွယ်အပွားများအကျိုး စီးပွားဖြစ်ထွန်းနေမှုကို ဟန့်တားရန်နှင့် အကြမ်း ဖက်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရန် ရည်ရွယ်သည် နန်းထိုက်အောင်စစ်ဆင်ရေး တာဝန်ခံက ပြောသည်။

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။

လက်ရှိတွင်”နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”မှာ ရန်ကုန်မြို့တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်း၌ပါ ဆောင်ရွက်ထားသည်။

ထို့အပြင် စစ်ဆင်ရေးတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၊သာဓုကန်စက်မှုဇုန်က စက်ရုံလုပ်သား ၁၀၀၀ခန့်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ပိတ်သိမ်းတော့မယ်လို့ အဲဒီစက်ရုံရဲ့အလုပ်သမားနဲ့ အလုပ်သမား အရေးဆောင်ရွက်သူတချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

Facebook