Connect with us

Hi, what are you looking for?

သတင်း

KNDF တပ်ရင်း(၅)၏ အမျိုးသမီးအထူးတပ်သားသင်တန်း ရဲမေ ၆၀ကျော် တက်ရောက်

သင်တန်းကာလအတွင်း KNDF သင်တန်းဆရာများက အမျိုးသမီးရဲမေများကို ရှေ့တန်းစစ် မြေပြင်မှာ တိုက်ပွဲဝင်နိုင်ရေး စစ်ပညာသင်ကြားပေးခဲ့သလို KNDF ဗဟိုကော်မတီဝင်များက ခေါင်းဆောင်မှုသင်တန်း၊ ကရင်နီသမိုင်း ကြောင်းနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကိုပါ ဆွေးနွေးပေးခဲ့သည်ဟု အသိပေးသည်။

ဓာတ်ပုံ - KNDF B- 5
ဓာတ်ပုံ - KNDF B- 5

အမျိုးသမီးအထူးတပ်သားသင်တန်းကို ယခုနှစ် မေလအတွင်း ကရင်နီပြည်တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တပ်ရင်း (၅)က ထုတ်ပြန်သည်။

ရက်သတ္တပတ် တစ်ပတ်ကြာမြင့်ခဲ့သည့် အဆိုပါသင်တန်းတွင် KNDF တပ်ရင်း (၅)မှ အမျိုးသမီးရဲမေ ၆၀ကျော် တက်ရောက်ခဲ့သည်ဟု ဆိုသည်။

သင်တန်းကာလအတွင်း KNDF သင်တန်းဆရာများက အမျိုးသမီးရဲမေများကို ရှေ့တန်းစစ် မြေပြင်မှာ တိုက်ပွဲဝင်နိုင်ရေး စစ်ပညာသင်ကြားပေးခဲ့သလို KNDF ဗဟိုကော်မတီဝင်များက ခေါင်းဆောင်မှုသင်တန်း၊ ကရင်နီသမိုင်း ကြောင်းနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကိုပါ ဆွေးနွေးပေးခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် သင်တန်းတက်ရောက်ခဲ့ကြသည့် အမျိုးသမီးရဲမေများနှင့် KNDF တပ်ရင်း (၅)တွင် အမျိုးသမီးတပ်ခွဲကိုပါ ဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုဖွဲ့စည်းလိုက်သည့် အမျိုးသမီးတပ်ခွဲသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရှိ တပ်ရင်းများအနက် တပ်ရင်း (၅)တွင် ပထမဆုံးဖွဲ့ စည်းလိုက်နိုင်ခြင်းဟု ဖော်ပြသည်။

ကရင်နီပြည်နယ်အတွင်း အမျိုးသားများနှင့်တန်းတူ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ အမျိုးသမီးတပ်ခွဲကို ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

အလားတူ အမျိုးသားများနှင့်တန်းတူ တိုက်ပွဲဝင်နေသည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းမရှိပဲ ပေးအပ်သည့်တာဝန်များကို တန်းတူထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်သည်ဟု KNDF တပ်ရင်း(၅)က ပြောသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် ပြည်သူတို့၏ အထောက်အပံ့အကူအညီများစွာလိုအပ်လျှက်ရှိသဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်မြေပြင်အချို့ကနေ ဆုတ်ခွာရတာတွေဟာ ရဲဘော်တွေရဲ့ အသက်ဘေးအတွက် ထိပ်တိုက်မတွေ့ဘဲစစ်ရေး ပရိယာယ်နဲ့ စစ်ဗျူဟာအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ တစ်ခုတည်းရှိတဲ့ ကရင်နီ တပ်မတော်(UKSA)ဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့စစ်ရေးချုပ်ခူးရီးဒူက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်နေလို့ ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးကို လုံးဝအသုံးမပြုဖို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။

Facebook