Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်အား စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF – PDF က ပြောသည်။

စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်
စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း BLACK WOLF – PDFက သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ယမန်နေ့(မေလ ၂၉ရက်နေ့)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်း မဲကုန်းရွာနှင့် ရွာတော်ကြား မြေဆုဘုန်းကြီးကျောင်းအနီး စစ်ကြောင်းထိုးလာခဲ့သည်။

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF – PDF က ပြောသည်။

အဆိုပါ စစ်ကြောင်းမှ အကြမ်းဖက်စစ်သားများသည် စနိုက်ပါလမ်းကြောင်းအား ခြေရာခံမိသွားသဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လ​ည်း ထိမှန်ခြင်းမရှိကြောင်း BLACK WOLF – PDF က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

သို့သော် ချေမှုန်းရေးတပ်ဖွဲ့ ဝက်လက်တပ်ရင်း (၁)၊ တပ်ရင်း (၂) ၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ – ၁ တို့နှင့် အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း BLACK WOLF – PDF က ပြောသည်။

“ရွှေဘို – မန္တလေးလမ်းမကြီးပေါ် ဖြစ်တာမဟုတ်ပါဘူး။ ဝက်လက်နယ် ရွှေဘို – မန္တလေးလမ်းမကြီးရဲ့ အနောက်ဘက်ထဲမှာဖြစ်တာပါ”ဟု BLACK WOLF – PDF တာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးအား ဝက်လက်တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ – ၁ တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – PDFက အသိပေးသည်။

ယမန်နေ့က ဝက်လက်မြို့နယ် အနောက်ခြမ်း လှတောနှင့် ရွာသာကြီးကြား ရွှေဘို-မန္တလေးကားလမ်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ PDF၊ ပကဖတို့ တိုက်ပွဲပြင်းထန်နေ၍ ရွှေဘို – ဝက်လက် – အုန်းတောလမ်းအား အသုံးမပြုကြရန် ၀က်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။