Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်အား စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF – PDF က ပြောသည်။

စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်
စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း BLACK WOLF – PDFက သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ယမန်နေ့(မေလ ၂၉ရက်နေ့)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်း မဲကုန်းရွာနှင့် ရွာတော်ကြား မြေဆုဘုန်းကြီးကျောင်းအနီး စစ်ကြောင်းထိုးလာခဲ့သည်။

ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF – PDF က ပြောသည်။

အဆိုပါ စစ်ကြောင်းမှ အကြမ်းဖက်စစ်သားများသည် စနိုက်ပါလမ်းကြောင်းအား ခြေရာခံမိသွားသဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လ​ည်း ထိမှန်ခြင်းမရှိကြောင်း BLACK WOLF – PDF က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

သို့သော် ချေမှုန်းရေးတပ်ဖွဲ့ ဝက်လက်တပ်ရင်း (၁)၊ တပ်ရင်း (၂) ၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ – ၁ တို့နှင့် အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း BLACK WOLF – PDF က ပြောသည်။

“ရွှေဘို – မန္တလေးလမ်းမကြီးပေါ် ဖြစ်တာမဟုတ်ပါဘူး။ ဝက်လက်နယ် ရွှေဘို – မန္တလေးလမ်းမကြီးရဲ့ အနောက်ဘက်ထဲမှာဖြစ်တာပါ”ဟု BLACK WOLF – PDF တာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးအား ဝက်လက်တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ – ၁ တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – PDFက အသိပေးသည်။

ယမန်နေ့က ဝက်လက်မြို့နယ် အနောက်ခြမ်း လှတောနှင့် ရွာသာကြီးကြား ရွှေဘို-မန္တလေးကားလမ်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ PDF၊ ပကဖတို့ တိုက်ပွဲပြင်းထန်နေ၍ ရွှေဘို – ဝက်လက် – အုန်းတောလမ်းအား အသုံးမပြုကြရန် ၀က်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။