Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို ထောက်ပံ့နေပြီး မူးယစ်ဆေးဖြန့်ဖြူးလုပ်ဆောင်နေသည့် ရန်ကုန်မြို့ရှိ Woodland X Bar ဗုံးခွဲတိုက်ခိုက်ခံရ

“ခရိုနီအသိုင်းအဝိုင်းနဲ့ တော်တော်နီးနီးစပ်စပ်ရှိတယ်။ ပစ္စတိုခါးကြားထိုးပြီး သွားလာနေတဲ့သူတွေ အဲဒီ့ဆိုင်မှာရှိတယ်။ ပျူစောထီးတွေ။ “ဟု ၎င်းက ပြောသည်။

Woodland X Bar
Woodland X Bar

အာဏာသိမ်း စစ်ကောင်စီကို ထောက်ပံ့​နေပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်းများ လုပ်ဆောင်နေသည့် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ Woodland X Barကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၃၀ရက် နံနက် ၅ နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဆိုင်မှ ကားတစ်စီးနှင့် မီးစက်ထိခိုက်မှုရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

“ခရိုနီအသိုင်းအဝိုင်းနဲ့ တော်တော်နီးနီးစပ်စပ်ရှိတယ်။ ပစ္စတိုခါးကြားထိုးပြီး သွားလာနေတဲ့သူတွေ အဲဒီ့ဆိုင်မှာရှိတယ်။ ပျူစောထီးတွေ။ “ဟု ၎င်းက ပြောသည်။

အဆိုပါဆိုင်ကို စစ်ကောင်စီကို ထောက်ခံနေသည့် ရှမ်းလက်နက်ကိုင်အဖွဲ့က ပိုင်ဆိုင်သည်ဟု သိရသော်လည်း အတည်မပြုနိုင်ကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် ခရိုနီများပိုင်ဆိုင်သည့်နေရာများ အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံသည့်နေရာများကို သွားရောက်ခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။