Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ တိုးဂိတ်အချို့တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

မတ္တရာဒေသခံတစ်ဦးကလည်း ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခု တိုက်ခိုက်ခံရသည်ဟု ပြောသည်။

မတ္တရာ (ပကဖ)
မတ္တရာ (ပကဖ)

မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ တိုးဂိတ်အချို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့က အသိပေးသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မန္တလေး – မိုးကုတ်ကားလမ်းပေါ် လက်ပံလှတိုးဂိတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့(မေလ ၃၀ရက်) နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာ (ပကဖ) နှင့် စဉ့်ကူး (ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံဖြစ်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၊ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် စစ်ကောင်စီ အကြမ်းဖက် အစွယ်အပွားများကို အဓိက ပစ်မှတ်ထား၍ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့တိုက်ခိုက်ရာတွင် ပြည်သူ လူထုထိခိုက်မှုမရှိအောင် အထူးသတိထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ္တရာ(ပကဖ)က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

မတ္တရာဒေသခံတစ်ဦးကလည်း ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေး – မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခု တိုက်ခိုက်ခံရသည်ဟု ပြောသည်။

“ ဒီနေ့ ၁ချက်ခွဲလောက်က ။ဖြစ်စဉ် ၂ခုလိုဖြစ်နေပြီ။ ကျွန်တော်တို့ သိတာက သပိတ်ကျင်းမှာ ဖြစ်တာသိတယ်။ သပိတ်ကျင်း ငွေတောင်တိုးဂိတ်မှာ။ ဖြစ်သွားတာ ဟုတ်တယ် ၁၅မိစနစ်လောက်ပဲ ကြာတယ်လို့ သပိတ်ကျဉ်းဘက်က ပြောတယ်။ အဲဒါကလည်း မတ္တရာ -မိုးကုတ်လမ်းပဲ”ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။