Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့အဝင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ခရီးသည်တင်ယာဥ်ဝင်တိုက်မိ၊ အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရ

“ကားမောင်းတဲ့ ကားဆရာကိုလည်း စစ်သားတွေက အင်္ကျီဂုတ်ကနေ တရွတ်တိုက်ဆွဲဲပြီး သူတို့နားနေတဲ့ အလုံတင်ဝင်းထွန်းခြံထဲဆွဲခေါ်သွားတယ်လို့သိရပါတယ်။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မုံရွာမြို့အတွင်း၌ တွေ့ရစဥ်။)
(အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မုံရွာမြို့အတွင်း၌ တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ခရီးသည်တင်ယာဥ်တစ်စီးဘီးပေါက်ပြီး ဝင်တိုက်မိရာ အကြမ်းဖက်စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မေလ ၃၀ ရက်) ညနေ ၅ နာရီခန့်က မုံရွာမြို့အဝင်မုခ်ဦး ၊မအူကြီးကျေးရွာ စစ်ဆေးရေးဂိတ်ကို မုံရွာ – ရန်ကုန် ခရီးသည်တင်ယာဥ်တစ်စီးမှ ဘီးပေါက်ပြီး ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝင်တိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ဂိတ်တဲအတွင်းရှိ စစ်သားတစ်ဦး ထိခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားမောင်းတဲ့ ကားဆရာကိုလည်း စစ်သားတွေက အင်္ကျီဂုတ်ကနေ တရွတ်တိုက်ဆွဲဲပြီး သူတို့နားနေတဲ့ အလုံတင်ဝင်းထွန်းခြံထဲဆွဲခေါ်သွားတယ်လို့သိရပါတယ်။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

ခရီးတင်ယာဥ်သည် ရန်ကုန်မှ မုံရွာမြို့သို့ ဝင်ရောက်ချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဥ်ကြောင့် ခရီးသည်များ ထိခိုက်ဒါဏ်ရာ ရရှိခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။