Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့အဝင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ခရီးသည်တင်ယာဥ်ဝင်တိုက်မိ၊ အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရ

“ကားမောင်းတဲ့ ကားဆရာကိုလည်း စစ်သားတွေက အင်္ကျီဂုတ်ကနေ တရွတ်တိုက်ဆွဲဲပြီး သူတို့နားနေတဲ့ အလုံတင်ဝင်းထွန်းခြံထဲဆွဲခေါ်သွားတယ်လို့သိရပါတယ်။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မုံရွာမြို့အတွင်း၌ တွေ့ရစဥ်။)
(အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မုံရွာမြို့အတွင်း၌ တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ခရီးသည်တင်ယာဥ်တစ်စီးဘီးပေါက်ပြီး ဝင်တိုက်မိရာ အကြမ်းဖက်စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မေလ ၃၀ ရက်) ညနေ ၅ နာရီခန့်က မုံရွာမြို့အဝင်မုခ်ဦး ၊မအူကြီးကျေးရွာ စစ်ဆေးရေးဂိတ်ကို မုံရွာ – ရန်ကုန် ခရီးသည်တင်ယာဥ်တစ်စီးမှ ဘီးပေါက်ပြီး ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝင်တိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ဂိတ်တဲအတွင်းရှိ စစ်သားတစ်ဦး ထိခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

“ကားမောင်းတဲ့ ကားဆရာကိုလည်း စစ်သားတွေက အင်္ကျီဂုတ်ကနေ တရွတ်တိုက်ဆွဲဲပြီး သူတို့နားနေတဲ့ အလုံတင်ဝင်းထွန်းခြံထဲဆွဲခေါ်သွားတယ်လို့သိရပါတယ်။”ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

ခရီးတင်ယာဥ်သည် ရန်ကုန်မှ မုံရွာမြို့သို့ ဝင်ရောက်ချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဥ်ကြောင့် ခရီးသည်များ ထိခိုက်ဒါဏ်ရာ ရရှိခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

Facebook